Special Extra-5(Ending)

2.7K 234 12
                                    

Unicode...

"၄၅၀၀ ယူ" (​သော်ကြီး)

ကျွန်​တော် ​ပေါင်တစ်ဖက်​ပေါ် မုန်စိမ်း​ပေါင်းကိုတင်ထားရင်း လက်တစ်ဖက်တည်းနဲ့ ​သော်ကြီး​ပေးတဲ့၅၀၀၀တန်ကိုယူပြီး အအမ်း၅၀၀ပြန်​ပေးလိုက်တယ်။

ဆိုင်မှာလူကျ​နေချိန်မို့ စားဖိုမှူးခခနဲ့ငထွန်းတို့ ​ရှေ့ကိုထွက်မလာနိုင်တဲ့အချိန်​ပေါ့။ ​သော်ကြီး၊ ဝဏ္ဏနဲ့ မြတ်သူတို့လည်း​ ​အော်ဒါ​တွေနဲ့ကိုလက်မလည်။

ကံ​ကောင်းတာက မုန့်စိမ်း​​ပေါင်း​လေးက ငြိမ်​နေတာပဲ။ မဟုတ်ရင် ဒီက​လေးကိုအ​နောက်က​နေတ​ကောက်​ကောက်လိုက်ပြီး ထိန်း​နေရရင် ​နေ့ချင်းဆိုသလို အင်းဝကိုကန်ထုတ်မိ​လောက်တယ်။

အင်း...ပြီး​တော့ မုန့်စိမ်း​ပေါင်း​လေက လာဘ်​ကောင်​လေး။ သူ​လေး​ရောက်လာချင်းမှာတင် ဆိုင်မှာလူကျတာ လက်ကိုမလည်တဲ့အဖြစ်​လေ။ ​နေ့လည်၁နာရီ​ကျော်တဲ့အထိ ကျွန်​တော်တို့ ​နေ့လည်စာမစားရ​သေးတာကိုပဲကြည့်။

အယ်...အဲလိုဆိုမှ​မေ့​နေတာ။ မုန့်စိမ်း​ပေါင်း​လေးကိုလည်း ထမင်းမ​​​​ကျွေးရ​သေးဘူး​ရော်။

"သား​​လေး...​ဗိုက်ဆာပြီလား"

ကျွန်​တော့်​ပေါင်​ပေါ်ခွထိုင်ပြီး သူ့ကို​ပွေ့ထားတဲ့လက်​မောင်းကို အကူအညီအ​နေနဲ့ဆုပ်ကိုင်ထားတဲ့ မုန့်စိမ်း​ပေါင်း​လေးက ကျွန်​တော့်ကို​မော့ကြည့်ပြီး ​ခေါင်းညိတ်ပြတယ်။

"သား ဗိုက်ရှာပြီ ​ဖေ​ဖေ"

​ဖေ​ဖေ...။ ဒီနာမ်စား​လေးက ကျွန်​တော့်ရင်ထဲ ​နွေးခနဲပဲ။ ချက်ချင်းဆိုသလို ပီတိပြုံး​လေးဖြစ်​ပေါ်လာတာ သတိထားမိပါရဲ့။

မ​နေ့ညက ​သော်ကြီးရယ်၊ မုန့်စိမ်း​​ပေါင်း​လေးရယ်၊ ကျွန်​တော်ရယ် သုံး​ယောက်အတူတူအိပ်ဖြစ်ကြတယ်။ အိပ်ရာဝင်ခါနီးမှာ ​​သော်ကြီးက သား​လေးကိုပုံပြင်​ပြောပြရင်း ကျွန်​တော်တို့ကိုဘယ်လို​ခေါ်ရမယ်၊ ဘယ်လိုဆက်စပ်ပါတယ်ဆိုပြီး ရှင်းပြတယ်။ မုန့်စိမ်း​ပေါင်း​လေးကလည်း စိတ်ဝင်တစားနား​ထောင်ရှာတယ်။ သော်ကြီးရဲ့​စကား​ပြော​ကောင်းတဲ့မွေးရာပါစွမ်းရည်ကလည်း အ​ထောက်အကူ​ပြု​ပေးတာပေါ့။

ချစ်ခြင်းသက်​သေ ဉာဏ်ကလိမ် | ချစ်ခြင်းသက်သေ ဉာဏ်ကလိမ်Where stories live. Discover now