P_2 (uni)

6K 974 377
                                    

"မောင်ထူး..."

"မောင်ထူးလေး..."

"ကိုကိုရေ..."

ကလေးငယ်ရဲ့ တခစ်ခစ်ရယ်သံက ပျောက်ကွယ်သွားပြီး ထူးအောင်ရဲ့ စိုးရိမ်တကြီး ခေါ်သံက ကျယ်လောင်လာတယ်။ ကျွန်တော့်မျက်ခွံတွေလည်း မလေးလံတော့တာကြောင့် မျက်လုံးတွေဖွင့်နိုင်လာတယ်။ မျက်လုံးဖွင့်ဖွင့်ချင်း မြင်လိုက်ရတာက စိုးရိမ်ပူပန်နေတဲ့ မျက်နှာလေးနဲ့ ကျွန်တော့်ကိုကြည့်နေတဲ့ အထူးလေး။ ကျွန်တော် အမြတ်တနိုးဆွဲဖက်မိတော့တယ်။

"တော်ပါသေးတယ် မင်းဘာမှမဖြစ်လို့။ တကယ်တော်ပါသေးတယ်"

ကျွန်တော်ပြောတော့ အိပ်မက်ဆိုးတွေ မက်နေတာလားဆိုပြီး သူကမေးတယ်။ ကျွန်တော်က ဟုတ်တယ်ဆိုပြီး အိပ်မက်အကြောင်းစုံကို ပြောပြလိုက်တော့...

"ဘာ!! ကလေးလေးတစ်ယောက် ငါတို့နဲ့လိုက်လာတယ် ဟုတ်လား"

ဟုတ်တယ်ဆိုတဲ့သဘောနဲ့ ကျွန်တော်က ခေါင်းညိတ်ပြလိုက်တယ်။ ကျွန်တော် စိတ်ထင်လို့ပဲလားတော့ မသိဘူး ထူးအောင်မျက်နှာက အရမ်းကို မသာမယာဖြစ်နေတယ်လို့ ခံစားနေရတယ်။ မကြာဘူး မနက်ကျ ဆေးရုံသွားရအောင်ဆိုတဲ့ ထူးအောင်ရဲ့ စကားသံထွက်လာတယ်။ ကျွန်တော်က နားမလည်စွာနဲ့ ဘာဖြစ်လို့လဲဆိုပြီးမေးတော့ ထူးအောင်က ကျွန်တော့်ကို မကြည်ကြည့်,ကြည့်လာတယ်။

"အဲ့ဒါ ကလေးရမယ့် လက္ခဏာကွ။ အဲ့ဒါကြောင့် ဆေးရုံသွားပြီ Ultrasound ရိုက်ကြည့်မှဖြစ်မယ်"

"ဟမ်! ငါတို့ကယောက်ျားကြီးတွေလေ ဘယ်လိုလုပ်ကလေးရမှာတုန်း"

"မွေးရာပါသားအိမ်တွေဘာတွေ ပါလာရင် ဘယ်လိုလုပ်မလဲ။ ငါတော့ ဗိုက်မကြီးနိုင်ဘူးနော်ဟိတ်ကောင် ဘယ်အပေါက်က ထုတ်လို့ထုတ်ရမှန်းမသိနဲ့"

ကျွန်တော် ဘာပြန်ပြောရမှန်း မသိတော့ပါ။

"ကြားဖူးလို့လား အဲ့လိုမျိုး"

ကျွန်တော်ကမေးတော့ မကြားဖူးဘူးလေတဲ့ သူကပြန်ဖြေတယ်။ ယောက်ျားလေးတွေက သားအိမ်မပါနိုင်မှန်း သိသိကြီးနဲ့ကို Ultrasound သွားရိုက်ပြီး အတည်ပြုဦးမယ်တဲ့။ ပြီးတော့ သူတစ်ယောက်တည်းရိုက်မှာမဟုတ်ဘူး။ ကျွန်တော်ပါ ရိုက်ရမယ်တဲ့။ ငါက မပါတာသေချာပါတယ်လို့ ပြောလဲမရဘူး။ ရိုက်ကိုရိုက်ရမယ်တဲ့။ သြော် ဒုက္ခ ဒုက္ခ။

မောင်ထူးယောက်ျား အတွေးသမား (Completed)Where stories live. Discover now