Chapter (37)

27.3K 3.8K 222
                                    

မုန့်ရန်ဆုယူပြီးတဲ့အခါ အမှတ်မြင့်တဲ့ ဆယ်ယောက်ကိုကြေငြာပေးလိုက်ပြီးပြိုင်ပွဲအခမ်းအနားပြီးဆုံးသွားခဲ့တယ်။ပုရိသတ်တွေပြန်သွားကြပေမယ့် သတင်းထောက်တွေက Top 3 သုံးယောက်ကို မေးခွန်းတွေ မေးမြန်းနေကြတယ်။

သတင်းထောက်တွေအမေးများတဲ့ မေးခွန်းတွေက....

ပထမရသွားတဲ့အတွက် မုန့်ရန်ဘယ်လို ခံစားရသလဲ..
ပထမဆုနဲ့လွဲချော်သွားတဲ့ အတွက် Selsey ဘယ်လိုခံစားရသလဲ.....

ဒီမေးခွန်းတွေအတွက် အဖြေတွေကိုတရားဝင်ဖော်ပြထားရမှာဖြစ်တဲ့အတွက် အထာနပ်နေပြီးသားသတင်းထောက်တွေက သိပ်ပြီး ဖြေရခက်တဲ့မေးခွန်းတွေကို မမေးခဲ့ကြဘူး။ရေပြည့်ပြီးသားအိုးတွေက ဘောင်ဘင်မခတ်တတ်ကြဘူးလေ.....

အဲ့အထဲမှာသနားစရာအကောင်းဆုံးကတော့ တတိယရသွားတဲ့သူပဲ....
ဒီလူက လွန်ခဲ့တဲ့ နှစ်နှစ်ကျော်လောက်ကတည်းက ဒီပြိုင်ပွဲမှာ ဝင်ပြိုင်ခဲ့တာဖြစ်ပြီး၊ တတိယနေရာကို နှစ်နှစ်ဆက်တိုက် ရထားခဲ့တယ်။ဒါနဲ့ဆိုရင် သူ တတိယရတာ သုံးကြိမ်ရှိပြီ။ဒါပေမယ့် သတင်းထောက်တွေကတော့ သူ့ရဲ့ဖြစ်တည်မှုကို သတိမထားမိဘဲ ကျော်သွားကြတယ်လေ။

အင်တာဗျူးဖြေပြီးတာ နဲ့ နားနေခန်းကို ခဏပြန်လာကြပြီးနောက် တည်းခိုရာနေရာတွေဆီပြန်ဖို့ပြင်လိုက်ကြတယ်။

ဘရက်ဒလီက မုန့်ရန် အနားယူမယ့်အချိန်ကို ကျားချောင်းချောင်းနေတယ်လေ။မုန့်ရန် ကိုမြင်တာနဲ့ အပြေးအလွှား စကားသွားပြောလိုက်တယ်။

"Congratulations "

"ကျေးဇူး"

မုန့်ရန် ခပ်တည်တည်နဲ့ပြန်ပြောလိုက်ပြီး နားနေခန်းထဲကနေထွက်သွားခဲ့တယ်။

လော်ရှို့ က နားနေခန်းအပြင်ဘက်မှာရပ်စောင့်နေတယ်။မုန့်ရန် ထွက်လာတာမြင်တာနဲ့ မုန့်ရန်ကို ပွေ့ဖက်လိုက်ပြီး နှစ်ဉီးသား ထွက်ခွာသွားခဲ့တယ်။

Hotel အပြင်ဘက်မှာ သတင်းထောက်တွေအများကြီးရှိနေပေမယ့် သက်တော်စောင့်တွေရဲ့ ရှင်းလင်းစောင့်ရှောက်ပေးမှုအောက်မှာ လော်ရှို့နဲ့ မုန့်ရန်တို့က လက်ချင်းချိတ်ပြီး အေးအေးဆေးဆေးလျှောက်လှမ်းလာကြတယ်။အင်တာဗျူးချင်နေတဲ့ သတင်းထောက်တွေအရမ်းများနေတယ်။တစ်ယောက်ကိုတစ်ခု၊နှစ်ခုပဲမေးမယ်ဆိုရင်တောင် သတင်းထောက်အရေအတွက်က အရမ်းကိုများလွန်းနေတယ်။မုန့်ရန်က နိုင်ငံတကာပြိုင်ပွဲမှာ ပထမရသွားတဲ့ အရှေ့တိုင်းသားတစ်ယောက်ဖြစ်တဲ့အတွက် ပုဂ္ဂိုလ်ရေးရာမေးခွန်းတွေနဲ့ အခြားသော မေးခွန်းတွေ မေးချင်နေကြတဲ့ သတင်းထောက်တွေရိုက်သတ်လို့တောင်မကုန်ဘူး။

သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်Where stories live. Discover now