Part - 15
မာန၏ အခြားတစ်ဖက်
🌟🌟🌟🌟🌟🌟🌟
ထည်ဝါ တစ်ယောက်ကတော့ ညထဲက လွှမ်းလေး ဘယ်အချိန်ပြန်လာမလဲ ဆိုပြီး ထိုင်စောင့်နေခဲ့ပေမဲ့ လွှမ်း ကမိုးလင်းခါနီးမှပြန်ရောက်လာတယ် ။ လမ်း
လျှောက်လာတဲ့ပုံစံက အားနည်းတဲ့ပုံစံဖြစ်နေတာမို့
------" လွှမ်းလေး !!! ခုမှပြန်လာတာလား ... နေလို့မ
ကောင်းဘူးလား .... ကြည့်ရတာ တစ်မျိုးဖြစ်နေ
လို့ "" အော်!!! အကို အစောကြီး နိုးနေတာလား ... ကျွန်တော် နေကောင်းပါတယ် "
ထည်ဝါ စိတ်ထဲကနေတော့ အစောကြီး နိုးနေတာမဟုတ်ဘူး ။ ညထဲကမအိပ်ဘဲ စောင့်နေတာပါလို့်
အမှန်တိုင်း ပြောလိုက်ချင်ပေမဲ့ လက်တွေ့မှာတော့ ----" ဟုတ်တယ် .... ဒီနေ့ အစောကြီးနိုးနေတာလေ "
" ညကကိစ္စအတွက် .... အကို့ကို တောင်းပန်ပါတယ်နော် "
" ရပါတယ် ..... လွှမ်းလေး လည်းအလုပ်ရှိလို့သွားရတာပဲဟာ ..... တောင်းပန်စရာမလိုပါဘူး .... အခု
လွှမ်းလေး ဘာစားချင်လဲ ..... အကို ဆေးရုံမသွား
ခင် ချက်ပေးမယ်လေ "" မစားချင်တော့ပါဘူး အကိုရယ် .... ကျွန်တော်အိပ်ချင်နေလို့ .... ခဏလောက်တော့ မှေးလိုက်ဦးမယ်
.... နိုးလာမှ တစ်ခုခု လုပ်စားလိုက်တော့မယ် "" အင်းပါ!!! လွှမ်း အိပ်ချင်တယ်ဆိုလည်း ..... သွားနားလိုက်တော့ .... အကို မနက်စာ စားဖို့်ပြင်ရင်နဲ့
လွှမ်းလေး အတွက်ပါတစ်ခုခု လုပ်ပေးခဲ့မယ် ... နိုးလာတဲ့အချိန် ထစားလိုက်နော် ....ကဲ !!!ကဲ !!!သွားနားလိုက် "" ဟုတ်ကဲ့ အကို! !!! ကျေးဇူးတင်ပါတယ် "
လှည့်ထွက်သွားတဲ့ လွှမ်း ရဲ့ကျောပြင်ကို ငေးကြည့်ရင်း ထည်ဝါက လက်ထဲမှာ ခုချိန်ထိဆုပ်ထားတဲ့
အရာလေးကို ကြည့်လိုက်မိတော့ ညထဲက လွှမ်း ကိုပေးဖို့ ရည်ရွယ်ထားတဲ့ လက်စွပ်လေး ။ အခုတော့ ပိုင်ရှင်မဲ့သွားပြီထင်ပါရဲ့ ။<<<<<<<<<<<<<<<<<<>>>>>>>>>>>>>>>
တဆစ်ဆစ်ကိုက်နေတဲ့ ခေါင်းကို အသာဖိရင်း ဘေးကိုလိုက်ကြည့်လိုက်မိတော့ အိမ်က အိပ်ရာထဲမှာ။ ညက ဘယ်သူလာခေါ်ပြီး အိမ်ပြန်ပို့ပေးခဲ့ပါ
လိမ့်လို့တွေးကြည့်လိုက်တော့ လွှမ်းငယ် မျက်နှာဝိုးတိုးဝါးတားက အတွေးထဲမှာပေါ်လာပါတယ် ။
YOU ARE READING
မာန၏ အခြားတစ်ဖက် 🌟 မာန၏ အခွားတဈဖကျ ( Completed)
Fanfictionချစ်ခြင်းမေတ္တာအကြောင်းပြောတဲ့အခါ မာနတွေကို ထားခဲ့ပါ ။ ချစ်ခြင်းမေတ္တာအကြောင်းပြောတဲ့အခါ မာနတွေကို ထားခဲ့ပါ ။