Peach wood defensive talisman

8.4K 1.1K 32
                                        

[Unicode]

" မဟုတ်ဘူး..ကိစ္စလေးနည်းနည်းရှိလို့ပါ " ဒီစကားသုံးလုံးပြောပြီးနောက် သွားကြိတ်ကာ တံတွေးထွေးထုတ်လိုက်သည်။ အကြီးတန်းအရာရှိ Long ၏ စိတ်ရှည်သည်းခံမှု အသေးစားလေးသည် ကြာရှည်မခံပဲ ကုန်ဆုံးသွားပြီဖြစ်‌ကြောင်း ရှင်းရှင်းလင်းလင်းမြင်နိုင်သည်။

" အကို သူ့ကို မချစ်ဘူးဆိုလည်း ဘာလို့ဆက်ရှာနေတာလဲ " Huo Zaiyuan က မေးလိုက်သည်။

" ကိုယ် မရှာချင်ပါဘူး...ဒါပေမယ့် ကိုယ့်အဖိုးက ကိုယ့်ကို ဖိအားပေးနေတာ...ဇာတ်လမ်းတစ်ခုလုံးကတော့ ဒီကနေစတာပဲ ......." Long Zhanye သည် ကိစ္စတစ်ခုလုံးကို အစမှအဆုံးထိ ရှင်းပြလိုက်သည်။ သူ့စကားတွေထဲမှာ ပါဝင်တဲ့ ခါးသီးမှုပမာဏက Z မြို့ တစ်မြို့လုံးကို ဖုံးလွှမ်းသွားဖို့ လုံလောက်တယ်။

အဖြစ်အပျက်တစ်ခုလုံးကို ကြားရတဲ့အချိန်မှာ Huo Zaiyuan သည် သနားကြင်နာမှုများနှင့်  Long Zhanye ကို ကြည့်နေသည်။ ဒီကိစ္စကြီးတစ်ခုလုံးက ဘယ်လောက်ထိ စိတ်ဆိုးစရာကောင်းလဲဆိုတာ သူ့စိတ်ထဲကနေ နားလည်တယ်။

" အကိုကြီးလုံ..အကို့ကို ကျွန်တော် တကယ် ကိုယ်ချင်းစာပါတယ် " သူ့လက်ထဲက တူတွေကို ချလိုက်ပြီး Long Zhanye ၏ ပခုံးကို ခပ်ဖွဖွပုတ်လိုက်သည်။ " ဒါဆို အကို အခု ဘာဆက်လုပ်မှာလဲ...Z မြို့တစ်ခုလုံးက ဖုတ်ကောင်တွေနဲ့ ပြည့်နေပြီ "

သူသာ အရင်တုန်းက Huo Zaiyuan ဖြစ်ခဲ့မယ်ဆိုရင် တာအိုအကြီးအကဲက Long Zhanye ရဲ့ ဘဝကံကြမ္မာအပေါ် တွက်ချက်မှုကို နားထောင်ပြီးတဲ့အခါ ဒါကို ဟာသတစ်ခုလိုပဲ ယူဆမိသွားမှာပဲ...ဒါပေမယ့် အခုချိန်မှာတော့ အဲ့ဒါကို သူ မယုံပဲမနေရဲဘူး။ Huo Tianji ထားရစ်ခဲ့တဲ့ မှတ်တမ်းတွေထဲမှာ ကျင့်ကြံခြင်း၊ အဆောင်ပြုလုပ်ခြင်းနဲ့ အစီအရင်တွေ စသဖြင့် ပါဝင်ပေမယ့် တစ်ယောက်ယောက်ရဲ့ ကံကြမ္မာကို တွက်ချက်တာမျိုးကတော့ မပါဘူး။ ဒါကြောင့် Long Zhanye ကို ကူညီပြီးတော့ သူ့ကံကြမ္မာကို ပြန်လည်တွက်ချက်ပေးဖို့ နည်းလမ်းမရှိတဲ့အတွက် ဒီတိုင်းကြည့်နေရုံပဲ တက်နိုင်တယ်။

အသက် သုံးဆယ် ကျော်ထိ မနေနိုင်ဘူး?.....

" ကိုယ် ထပ်မရှာတော့ဘူး...ကမ္ဘာမပျက်ခင်ကတောင် သူ့ကို ရှာတွေ့ဖို့မလုပ်နိုင်ခဲ့ဘူး...အခုဆိုရင် ဖုတ်ကောင်တွေက နေရာတိုင်းမှာ ရှိတယ် ..ကိုယ် ရှာချင်ရင်တောင်မှ ရှာလို့မဖြစ်နိုင်ဘူး " Long Zhanye သည် ဂရုမစိုက်တဲ့ အမူအယာနဲ့ စိတ်မပါသလို သူ့ပခုံးများကို တွန့်ပြလိုက်ပြီး " လူတွေကို သူတို့ရဲ့ ကံကြမ္မာအကြောင်း ပြောကြတဲ့အခါ စိတ်ဖိစီးမှု မဖြစ်ကြဘူးလား... အဲ့ဒီလူနဲ့ ကိုယ်က အတူတူရှိရမယ့် ကံ မရှိတာလဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်... အဲ့ဒီလိုဆိုရင်တောင်မှ မိုးကောင်းကင်ကြီးက ကိုယ့်ကို ဆိုးဆိုးဝါးဝါး မဆက်ဆံပါဘူး...ကိုယ့်ကို ရှောင်ယွမ်နဲ့ တွေ့ခွင့်ပေးခဲ့တယ် " အဲ့ဒီလိုပြောပြီးတော့ Huo Zaiyuan ကို သွားတွေပေါ်အောင် ပြုံးပြလိုက်တယ်။

အဓိကဇာတ်ကောင်၏ ပြန်လည်မွေးဖွားခြင်း[ Mmtranslation ]Nơi câu chuyện tồn tại. Hãy khám phá bây giờ