|34|

2.3K 452 7
                                    

[Unicode]

ညနေခင်းရောက်ချိန်မှပဲ၊ အိမ်ရာတွေထဲကနေ လူတစ်ယောက်ထွက်လာတာကို လှမ်းမြင်လိုက်ရတယ်။
ဟယ်ရှင်းချွမ်သေချာကြည့်လိုက်တော့ မိဘတွေ့ဆုံပွဲတုန်းက ယန်ထန့်အတွက်လာပေးတဲ့လူဖြစ်နေတယ်။

"Mr. အာ..."

စီးကရက်လိပ်ကို လက်ထဲကိုင်ထားရင်း၊ ယုချင်က ဟယ်ရှင်းချွမ်ကိုလှည့်ကြည့်တယ်။
"ဘာလဲ?"

"တွေ့ရတာဝမ်းသာပါတယ်! ကျွန်တော်က ယန်ထန်ရဲ့အတန်းဖော်ပါ။ သူ နေ့ခင်းအတန်းကိုမလာလို့ ဆရာမက စာရွက်တွေလာပေးခိုင်းတာပါ"

"သူ့အဆင့်ကအောက်ဆုံးမှာဟာကို ဘာစာရွက်လိုမှာမို့လို့လဲ?"
ဆေးလိပ်ငွေ့တွေကိုမှုတ်ထုတ်ရင်း ယုချင်ကပြောတယ်၊ ထို့နောက်မှာတော့ တစ်ဖက်လှည့်ထွက်ဖို့ဟန်ပြင်တယ်။

ယုချင်ရဲ့အင်္ကျီလက်မောင်းစကို အမြန်ဖမ်းဆွဲလိုက်ရကာ
"ကျွန်တော်က ဆရာလာခိုင်းလို့လာရတာပါ၊ ဒီမှာစောင့်နေတာ တော်တော်ကြာနေပြီ။ မနက်ဖြန်ကျရင် ဆရာဆူတာခံရလိမ့်မယ်...ကျွန်တော့်ကို ကူညီပါ..."

ဖမ်းဆွဲခံထားရတဲ့ယုချင်ဟာ မကျေမနပ်ဖြစ်နေရပေမဲ့၊ အဆုံးမှာတော့ လုံခြုံရေးအစောင့်ကိုပြောပြကာ ဟယ်ရှင်းချွမ်ကိုဝင်ခွင့်ပေးလိုက်တယ်။

အိမ်ရာဝင်းကြီးအတွင်းမှာ ဖက်တီးပေးလိုက်တဲ့အိမ်လိပ်စာကိုကိုင်ရင်း၊ ဟယ်ရှင်းချွမ်ဟာ လမ်းပျောက်တော့မလိုပဲ။

အမှိုက်ထွက်ပစ်နေတဲ့ အမျိုးသမီးတစ်ယောက်က ယောင်လည်လည်ဖြစ်နေတဲ့ဟယ်ရှင်းချွမ်ကို မြင်သွားကာ
"ဟေး...သားက ဟယ်ရှင်းချွမ်မလား?"

ဟယ်ရှင်းချွမ်ဟာ အခုမှပဲစိတ်အေးနိုင်တော့တယ်
"အန်တီယွမ်!"

"ယန်ထန်က ပြန်မလာသေးဘူး၊ သား ဆိုဖာပေါ်ထိုင်ပြီးခဏစောင့်နေဦးနော်"
အန်တီယွမ်က လိမ္မော်ရည်ခွက်ကိုသူ့ရှေ့ချပေးရင်း၊ အကျိုးအကြောင်းပြောပြတယ်။

ဟယ်ရှင်းချွမ်ကတော့ မသောက်နိုင်သေးဘူး
"ထန်ကောက ဒီနေ့လုံးဝပြန်မလာသေးတာလား?"

"ဟုတ်တယ်! သားအရေးကြီးတယ်ဆို အန်တီဖုန်းဆက်ပေးမယ်လေ!"

"အာ မလိုပါဘူး! အန်တီယွမ်!"

Hedgehog And Tiger [Myanmar Translation]Where stories live. Discover now