Chapter - 57

7.8K 1.6K 176
                                    

ညနေပိုင်း self-studyချိန်ကစတော့မည်၊ ရင်းချဲယ်တစ်ယောက်ကတော့ ထိုင်ခုံဖော်လေးပြန်အလာကို စောင့်မျှော်နေရှာတယ်။ 

“ဘာလို့အဲ့လောက်ကြာနေတာလဲ? ဒဏ်ရာက အရမ်းဆိုးလို့လား?”

ကျန့်ယောင်ကတော့ လက်ထဲကအထုပ်ကိုခုံပေါ်တင်ရင်း :
“စစ်တာဆေးတာကတော့ မနက်ပိုင်းကတည်းက အစောကြီးပြီးသွားတာပဲ၊ ရတောင့်ရခဲအပြင်ထွက်ရတုန်းလေးမို့လို့လေ၊ မင်းအတွက်လည်း မုန့်ဝယ်လာတယ်”

ကိတ်မုန့်တွေ၊ နွားနို့တွေ၊ ကြက်ကြော်၊ မုန့်မျိုးစုံကို အိတ်ထဲကနေ တစ်မျိုးပြီးတစ်မျိုးထုတ်နေတာ ရင်းချဲယ် ကြည့်နေလိုက်တယ်။

“ငါညစာစားခဲ့ပြီးပြီ ဒါတွေမကုန်နိုင်ဘူး”

“ရတယ်၊ ညကျမှ မင်းမကုန်ရင် ငါစားပေးမယ်၊ ခုတော့ကိတ်မုန့်လေးတစ်ကိုက်လောက်အရင်မြည်းကြည့်”

ထိုစဥ် ကြက်ကြော်ရနံ့လေးကြောင့် ရောက်လာသည့် ကျန်းခဲ့ :
“မွှေးလိုက်တာ ဘယ်ကအနံ့....ဖာ့ခ် ယောင်ကော စာသင်ခန်းထဲလာပြီး ပျော်ပွဲစားထွက်နေတာလား?”

“အကုန် ငါ့ထိုင်ခုံဖော်လေးအတွက်ချည်း၊ မင်းဖို့တစ်ခုမှမပါဘူး”

ရင်းချဲယ်ကတော့ သူ့ကိုအဖက်လုပ်မနေပဲ ကြက်ပေါင်တစ်ချောင်းကမ်းပေးကာ :
“ရော့”

ကျန်းခဲ့မှာ လှိုက်လှိုက်လှဲလှဲကို ကျေးဇူးတင်သွားပြီး လက်နှစ်ဖက်ဆန့်တန်းကာ လက်ခံယူရှာတယ်။
“ကျေးဇူးတင်ပါတယ် ချဲယ်ကော!”

ကျန့်ယောင် : “ချဲယ်ချဲယ် ငါညစာမစားရသေးဘူး”

“....”
ကြက်ပေါင်ကိုင်ထားတဲ့ ရင်းချဲယ်လက်ကလေးဟာ လေထဲတွင်ပဲ ဦးတည်ရာပြောင်းသွားပြီး ကျန့်ယောင်ပါးစပ်နားကို တဖြည်းဖြည်းချင်းထိုးပေးတယ်။
“ရော့”

ကျန်းခဲ့ : “?”

ကျန့်ယောင်ပါးစပ်ဟပြီး အကြီးကြီးကိုက်ချလိုက်သည်။ အရသာလေးက လျှာထဲမှာသင်းပျံ့လျက်ပဲ။
“ဝါး အရသာရှိလိုက်တာ”

ကျန်းခဲ့ကတော့ မျက်ရည်လည်ရွဲနဲ့ ဆဲဆိုသွားလေရဲ့ ။
“လူမဆန်တဲ့ကောင်!’’

Pay Attention To Me [Myanmar Translation]Where stories live. Discover now