Ep-39

14.4K 908 34
                                    

Uni..

" ပါးပါး ကလေးလေးလေ..... အထဲမှာ ပျင်းနေပြီလားဟင်.....အပြင်ထွက်လာရင် ပါးပါးနဲ့ ဆော့ကြမယ်နော်..... "

" အပင်ပေါက်လေး ကိုလေ ပါးပါးကော..Daddy ကောက အရမ်းချစ်တာ သိလား "

" အပင်ပေါက်လေး က အထဲက လိမ်လိမ်မာမာနေရမယ်နော်.... "

" အပင်ပေါက်လေးကို ပါးပါးက ကာကွယ်ပေးမှာ "

ဗိုက်လုံးလုံးလေး ကို ပွတ်ကာ.... တစ်ယောက်ထဲ စကားပြောနေတဲ့ ကလေးငယ်.... သူလေးကို တံခါးဝ ကနေ ငေးကြည့်နေတဲ့ Z.... အသဲယားလွန်းလို့... ကိုက်ဖဲ့ ပလိုက်ချင်သည်....

တကယ့် လက်တွေ့မှာတော့... သူ့ကလေးလေးကို ကိုက်ဖဲ့ဖို့နေနေသာသာ သူအကြမ်းပတမ်း ထိလို့ ပွန်းပဲ့ သွားမှာတောင် ကြောက်နေတာ.....

ကျွန်တော် ကလေးလေးက သိပ်သတ္တိရှိတာ...... အပင်​ေပါက်လေး ကိုလဲ အရမ်းချစ်.... နောက်တစ်ချိန်....ကျွန်တော်ရယ်.... Babe ရယ်...ဗိုက်ထဲက ချီးထုပ်လေး ရယ်..... ပျော်ရွှင်တဲ့ ဘဝလေး တည်ဆောင်ရရင် ကျေနပ်ပါပြီ.....

အတွေးစစ နဲ့ တွေးနေတုန်း ကလေးငယ် ခေါ်သံကြောင့်.....

" Daddy အပင်ပေါက်လေး က ဘာကောင်လေး မွေးမလဲ မသိဘူးနော် "

* ဟမ်! * ကလေးငယ် ရဲ့ အပြောကြောင့် ပြောမဲ့ စကားလုံးတောင် ပျောက်ရှကုန်သည်.....

ဒီကလေး ကာတွန်း ကားတွေ ထဲကလို မြန်းထင်နေသလား....

" သားသားကတော့ အပင်ပေါက်လေး ဘာကောင်ဖြစ်ဖြစ် ချစ်တယ်...... Daddy လဲ ချစ်ကမယ်နော် "

အံမယ် ဒင်းလေးက လူကိုတောင်လက်ညိုးထိုးပြီး Daddy လဲ ချစ်ကမယ်ဆိုတော့ မသိရင် ကိုယ်က  သူ့အပင်ပေါက်ကို မချစ်မှာဆိုတော့...

" အင် ချစ်တာပေါ့ ဒါပေမဲ့ ကိုယ့်က အပင်ပေါက်လေးရဲ့ ပါးပါးကို ပိုချစ်တယ် ပြွတ် "

နှုတ်ခမ်းလေးတွေ နမ်းကာပြောတော့..... သူလေးက ကျေနပ်နေပုံ...

ခနနေတော့ တစ်ခုခုစဥ်းစားနေဟန်.... Z ရင်ခွင်ထဲ အတင်း တိုးဝင်ကာ.... Z လက်ကြီးကိုလဲ သူ့အား ဖတ်ခိုင်းထားသည်..... ပြီးနောက်....

" Daddy.... ပျိုဆိုတာ ဘယ်သူလဲဟင် "

ကလေးငယ်က ပျိုနဲ့ ပက်သက်ရင် သူ့အားထားခဲ့ခံရမှာ ကြောက်နေပုံ.....  Z ရဲ့ လက်တွေကို သေချာ ပိုက်ထားသည်....

Mr.Z..../ S1 ( Z &U )CompleteWhere stories live. Discover now