18

11.9K 2.1K 36
                                    

Unicode

“မင်းက လူကောင်းလေးပဲ..”

ရွှယ်ယို့ရှန်းက သူ,ပြောတာကို နားလည်သလို ရတနာတွေက သူ(ရင်းဆုယဲ့)နဲ့ပဲ ထိုက်တန်တယ်လို့ ပြောလာတော့ ရင်းဆုယဲ့ရဲ့ မျက်ဝန်းအိမ်ထဲမှာ နူးညံ့ခြင်းအငွေ့အသက်တွေ ထွက်ပေါ်လာခဲ့တယ်။ အဲ့တာက မြို့တွေကိုတောင် ဝယ်ပစ်နိုင်လောက်တဲ့ တောင်လိုမို့မောက်နေတဲ့ ရတနာပစ္စည်းတွေကြောင့် မဟုတ်ဘူး။ ရွှယ်ယို့ရှန်းရဲ့ ပရိယာယ်ကင်းတဲ့ ပင်ကိုစိတ်ထားလေးကြောင့် ဖြစ်တယ်။

ဒီလိုမျိုး ခံစားချက်၊ တစ်စုံတစ်ယောက်က သူ့ကို အကောင်းဆုံးဆိုတဲ့ အရာတွေပေးပြီး နှလုံးသားထဲက အရေးကြီးဆုံးနေရာမှာ ထားပေးတဲ့ ခံစားချက်။ ဒါက အံ့ဩစရာကောင်းအောင် သက်သောင့်သက်သာရှိစေတာပဲ။ ပြီးတော့ ဒီလိုခံစားချက်မျိုး အတိတ်မှာ မကြုံခဲ့ဖူးတဲ့အတွက် နှမြောလာမိတယ်။

သူ့ရဲ့အတိတ်တုန်းကဆို  တစ်ဖက်သားရဲ့ စိတ်ရင်းကို မခန့်မှန်းနိုင်ခဲ့ပေမယ့် အမှန်တရားတွေကြားက လိမ်ညာမှုတွေကိုတော့ ခွဲခြားသိနိုင်ခဲ့တယ်။ အဲ့တာကြောင် သူ ရွှယ်ယို့ရှန်းရဲ့ အမူအရာနှင့် အကျင့်ကို တိတ်တဆိတ် အကဲခတ်လိုက်တယ်။ သူ့ရဲ့ အကျင့်စရိုက်အရ ရွှယ်ယို့ရှန်းရဲ့ အတွေးနဲ့စကားတွေက ထပ်တူညီရဲ့လားဆိုတာကို ရှင်းရှင်းလင်းလင်း သိချင်လာမိတယ်။

ထို့နောက်မှာတော့ ရွှယ်ယို့ရှန်းက ရတနာပစ္စည်းတွေ အများကြီးပိုင်ဆိုင်ရအောင် ‘ရှေ့နှစ်လှမ်းတိုးဖို့ နောက်တစ်လှမ်းပြန်ဆုတ်တဲ့’ ဗျူဟာကို အသုံးပြုနေတာမဟုတ်မှန်း သူ သဘောပေါက်လိုက်တယ်။ မျှော်လင့်ထားသလိုပါပဲ၊ သူ ဒီတစ်ခေါက်လည်း ကောင်လေးကို ယုံကြည်ပေးဖို့ ဆုံးဖြတ်ချက်ချမိပြန်တယ်။ သူ ယုံကြည်တယ်၊ သူ့ရဲ့ ဆုံးဖြတ်ချက်က လုံးဝမမှားနိုင်ဘူး။

“ဒါပေါ့.. ကျွန်တော်က လူကောင်းပါ”

ရင်းဆုယဲ့ရဲ့ ချီးမွမ်းစကားကို ကြားတာတောင် ရွှယ်ယို့ရှန်းရဲ့ အမူအရာက သိပ်ပြီး ပြောင်းလဲမှုမရှိခဲ့ဘူး။ ဒါပေမဲ့ နှလုံးသားထဲမှာတော့ ပျော်လွန်းလို့ ဩဘာတွေတောင် ပေးနေမိပြီ။ သူ့ရဲ့ စိတ်လှုပ်ရှားမှုတွေကို အနည်းငယ် မြင့်တက်သွားတဲ့ မျက်ခုံးတန်းပေါ်မှာသာ မြင်တွေ့နိုင်တယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now