Chapter(299) - တိမ်ထွတ်ဖျား

2.9K 760 28
                                    

Unicode

အခန်း(၂၉၉) - တိမ်ထွတ်ဖျား

ဝမ်ရိထုန်က သူ့လက်ကိုဆန့်ထုတ်၍ ဓားအိမ်ရဲ့ နောက်ကျောအား လက်ချောင်းများနဲ့ ဖွဖွပုတ်နေသည်။ သူက အမူအယာ သိပ်မကောင်းတဲ့ အောက်ကသုံးယောက်ကို လှမ်းကြည့်လိုက်၏။

"ပုံမှန်ဆိုရင်တော့ ဒီနေ့ကိစ္စကို ကျုပ်ဂရုစိုက်စရာ မလိုပါဘူး ဒါပေမဲ့ ကျုပ်မိသားစုရဲ့ အငယ်ဆုံးသိုင်းသင်ဘက် ညီလေးပါ ပါဝင်ပတ်သတ်နေတဲ့အပြင် တိုက်တိုက်ဆိုင်ဆိုင် ကျုပ်လည်းတွေ့လိုက်ရတော့ ဒါကို လစ်လျူရှုလို့မရတော့ဘူးလေ"

ရှစ်ယုံ့ထိုင်, "..."

ဒါက မင်းရဲ့အငယ်ဆုံး သိုင်းသင်ဘက် ညီလေးကိစ္စ မဟုတ်ဘူးဆိုရင်တောင် ဒီကိစ္စကို ဘယ်လိုပဲဖြစ်ဖြစ် မင်းနှာခေါင်းနဲ့ လာကပ်နေမှာပဲ မဟုတ်ဘူးလား

ရှစ်ယုံ့ထိုင်က မဲမှောင်နေတဲ့ အမူအယာနဲ့ မေးသည်။

"အမတဝမ်က ဘာများလုပ်ချင်လို့ပါလဲ?"

ဝမ်ရိထုန်ကပြန်ဖြေသည်။

"ကျုပ်အရင်ဆုံး အခြေအနေအရပ်ရပ်ကို ရှင်းလင်းအောင် လုပ်ရလိမ့်မယ် အဲ့ဒါကြောင့် လောလောဆယ်တော့ ဒီမှာပဲခဏ ရပ်ထားကြရအောင်, ဒါပေမဲ့, နက်ရှိုင်းမြို့ထဲမှာလည်း ရန်စဖြစ်ဖို့ မစဉ်းစားကြနဲ့, ဒါကဘယ်သူ့ ပိုင်နက်လဲဆိုတာကို ခင်ဗျားတို့လည်း သိပါတယ်"

ဝမ်ရိထုန်က အောက်က တစ်ယောက်နဲ့ တစ်ယောက် ပုံစံအတော်လေး ဆင်တူနေသည့် သီလရှိဟန်မပေါ်သော လူအိုနှစ်ယောက်အား တစ်ချက်ကြည့်လိုက်သည်။ အနည်းဆုံးတော့ ထိုလူများက နက်ရှိုင်းဘုံအဆင့် ကျင့်ကြံဆင့်မှာ ရှိကြလိမ့်မည်။

အကယ်၍သူနဲ့ လင်ရွှမ်းဇီတို့ အတူတူ တိုက်ခိုက်ကြမယ်ဆိုရင်တောင် သူတို့ထဲက တစ်ယောက်ကိုတောင် ယှဉ်ပြိုင်နိုင်မှာ မဟုတ်ဘူး။ ခုဏတုန်းက ပြင်းထန်တဲ့ ထိုးနှက်ချက်အတွင်းမှာ လင်ရွှမ်းဇီက သူ့မှော်ကိရိယာကို အသုံးပြုပြီး သူ့ကိုယ်ပိုင် စွမ်းရည်နဲ့သတ္တိကို ပေါင်းစပ်လို့ ချင်းကျူကို ပြန်ဆွဲထုတ်ခဲ့တာ။ သူတို့တွေ လုံလုံခြုံခြုံ ထွက်လာနိုင်တာကတင် ထူးဆန်းအံ့သြဖွယ်ရာဖြစ်နေပြီ။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now