Episode-5

4.6K 503 48
                                    

♡Unicode version♡

"ယွမ်နှစ်ဆယ်ပါခမျ!..."

"ဒီမှာကလေး...ပင်ပမ်းသွားပြီပေါ့..."

"ဟုတ်!...အရသာရှိရှိသုံးဆောင်ပါခမျ!..."

ဖက်ထုပ်မှာထားသည့်အိမ်ကိုdeliverပို့ပြီးတာနဲ့ရိပေါ်မြေညီလမ်းလေးအတိုင်းစက်ဘီလေးနင်းပြီးပြန်လာလိုက်တယ်။လေတိုးတိုင်းအလိုက်သင့်လေးလှုပ်ခါနေတတ်သည့်ဆံပင်အဖျားလေးတွေနဲ့အတူလမ်းတလျှောက်မှာနွေရာသီရဲ့မေဘယ်ရွက်နီနီတွေပြန့်ကျဲနေသည်ကတစုံတရာသောအကြောင်းကြောင်းတို့ဖြင့်လွှမ်းမောဖွယ်ရာအတိ။

ခုဆိုရိပေါ်အသက်၁၈နှစ်၊အထက်တန်းအောင်ပြီးတက္ကသိုလ်ပင်စတတ်ရတော့မည်ဖြစ်သည်။လွန်ခဲ့သည့်၂နှစ်အချိန်ကအတိုင်းခပ်အုပ်အုပ်ဇီးညိုရောင်ဆံပင်လေးကနှဖူးပြေပြေလေးပေါ်ဝဲကျနေပြီးပုလင်းဖင်မျက်မှန်အစားငွေကိုင်းမျက်မှန်ဝိုင်းလေးအားပြောင်းလဲဝတ်ဆင်ထားပေမဲ့အရင်လိုကလေးရုပ်မပျောက်သေးသည့်ရိပေါ်ကပါးကလေးတွေမို့တက်နေဆဲပင်။

မေဘယ်ရွက်ကြွေတွေဖုံးနေသည့်လမ်းထက်စက်ဘီးကိုခပ်ဖြည်းဖြည်းနင်းရင်းရှေးတူရှုသို့သာအကြည့်ပို့ထားလိုက်တယ်။မျက်နှာကိုတိုးတိုက်လာသည့်လေနွေးနွေးတို့ကိုခံစားမိတိုင်းရင်ထဲနွေးစေသည့်အပြုံးချိုချိုတွေပြန်မြင်ယောင်တုန်းပဲ။ဒီအချိန် အကိုရော နယူးယော့ခ်မြို့ကြီးမှာပျော်နေမှာလား။အဲ့လောက် အဲ့ဒီလောက်ထိ အကိုဘက်ကသူ့ကိုသတိတောင်မထားမိခဲ့မှန်းသိရက်နဲ့လေ။

"ကိုကို့!!!..."

"ဟင်!...ဖေးဖေး..."

ခပ်လှမ်းလှမ်းကနေသူ့စီပြေးလာနေသည့်ဖေးဖေးကအလောတကြီးခေါ်သံနှင့်အမောတဂေါ။ရိပေါ်လည်းရောက်သည့်နေရာမှာစက်ဘီးရပ်ပြီးဖေးဖေးသူ့အနားရောက်အလာကိုသာစောင့်နေလိုက်တယ်။

"ဟောဟဲ!..."

ရိပေါ်အနားရောက်တော့လဲဖေးဖေးကတော်တော်နှင့်စကားမစနိုင်။ဒူးနှစ်ဖက်ပါ်လက်တွေအားပြုထောက်လျှက်ပါးစပ်ဟပြီးအမောဖြေနေသေးသည်။

"ဖေးဖေး!...ကိုကိုအိမ်ပြန်လာမှာပဲဟာ...ဘာလို့လိုက်လာတာလဲ!..."

LOVE ME,OK![Complete]Where stories live. Discover now