Chapter-13 (Part 3)

2.5K 406 8
                                    


UNICODE


အူးယမ် အမြဲမတွေးဘဲမနေနိုင်ပါ။တကယ်လို့ ရှောင်ရွှမ်းသာ သခင်လေးတစ်ယောက်မဟုတ်ရင် ဘယ်လောက်ကောင်းလိမ့်မလဲ?ဒီလိုအိမ်သေးသေးလေးမှာဒီလိုရိုးရှင်းတဲ့ဟင်းလျာများကိုစားသုံးတဲ့လူနှစ်ယောက်ဟာအရမ်းပျော်ရွှင်နေလိမ့်မယ်။

"ဒါနဲ့ ရှောင်ရွှမ်း ,မင်းဘယ်ကျောင်းကိုတက်ဖို့စီစဉ်ထားလဲ? "

"အိုး ..ကျွန်တော်မသိဘူး"

ရှောင်ရွှမ်းက ကသူ့လည်ပင်းကိုခဏခဏပွတ်သပ်နေတယ်။

"ဒါပေမယ့်မင်းform ဖြည့်ရတော့မယ်လေ....မင်းအစီအစဉ်တစ်ခုရှိသင့်တယ် "

အူးယမ်က ကျောင်းတွေနှင့်ပတ်သက်တဲ့ အချက်အလက်တွေကို စစ်ထုတ်ရန်ကူညီပေးခဲ့တယ်။

"K University က စာပေလေ့လာဖို့အတွက် အတော့်ကိုကောင်းတယ် ဒါပေမယ့်မင်းအဲ့မှာတက်ချင်ရဲ့လား? ... "

ရှောင်ရွှမ်းကသူ့ကိုနမ်းဖို့ရုတ်တရက်နီးကပ်လာတယ်။

"ကျွန်တော့်ကို marshmallow ယူပေးနိုင်မလားဟင်? ကျွန်တော် တကယ်ဗိုက်ဆာတယ်ဆရာ"

အူးယမ်ကသကြားလုံးကိုယူပြီးပေးလိုက်တယ်။ပြီးတော့သူကဆက်ပြီးပြောနေတယ်။

"ဒါနဲ့ T University ဆိုရင်ကော? အဲ့တာလည်းကျောင်းကောင်းပဲ...ဒီကနေဆို သိပ်မဝေးဘူးလေ..ဒါဆို စနေ, တနင်္ဂနွေရက်တွေမှာငါမင်းကိုလာတွေ့လို့ရတယ်"

အူးယမ် ကအချိန်တော်တော်ကြာစကားပြောတယ်။ ဒါပေမယ့်တုံ့ပြန်မှုမရခဲ့ဘူး။ သူခေါင်းကိုနောက်လှည့်ကြည့်လိုက်တော့ ရှောင်ရွှမ်း က သကြားလုံးစားရင်း မဂ္ဂဇင်း တစ်စောင် ဖတ်နေတာကိုမြင်ရတော့ အူးယမ် အနည်းငယ်စိတ်ပျက်သွားတယ်။

"ရှောင်ရွှမ်း "

ရှောင်ရွှမ်းက ခေါင်းတောင်ထောင်မလာဘဲ စိတ်ထဲမထည့်ထားသလိုပြောတယ်။

"ဆရာ, အခုအစောကြီးရှိသေးတယ်လေဗျာ..အလျင်စလိုလုပ်စရာမလိုပါဘူး"

"အိုက်,ဘာလို့ အစောကြီးလဲ? ဒါ့အပြင် ဒီဟာကအရမ်းအရေးကြီးတဲ့ကိစ္စလေ..မင်းအရမ်းဝေးတဲ့ကျောင်းကိုရောက်ရင်ငါတို့တွေ့ဖို့တောင်ခက်လိမ့်မယ်,ငါပြင်ဆင်ထားဖို့လည်းလိုတယ်"

Going Against The Wind (Myanmar Translation) CompletedWhere stories live. Discover now