Part 50 (U+Z) The End! 🚦 Waning 🚦

15.3K 602 95
                                    

#Unicode

"ဖေဖေ"

လင်းရာရဲ့ခေါ်သံကိုကြားတော့ ဖေဖေက လှည့်ကြည့်တယ်ဆိုရုံလေးသာ လှည့်ကြည့်လာခဲ့‌လေသည်။

"သားတောင်းပန်ပါတယ် ဖေဖေ"

"အင်း"

"ဖေဖေ့ကို သားကြောင့် စိတ်ညစ်စေခဲ့မိတယ်"

"အင်း"

"သားကို စိတ်ပျက်သွားပြီးလားဟင်"

"အဲ့လိုလည်း မဟုတ်ပါဘူး သားသားရာ"

"ဒါဆို သားကို ဘာလို့ ဘာမှမပြောတာလဲဟင်"

"ဘာပြောရမှန်း မသိလောက်အောင်ကို ဖေဖေ့ရင်ထဲ မွန်းကြပ်နေလို့ပါ"

"ဖေဖေ သားကို မခေါ်မပြောဘဲနေတော့ သားနေရတာ အဆင်မပြေဘူးဖေဖေ"

"လက်ခံပေးနိုင်အောင် ကြိုးစားကြည့်နေတယ်သား။ ဒါပေမဲ့ အရမ်းခက်ခဲနေလို့ပါ"

"သား အဲ့ဒီ့အစ်ကိုကို ချစ်‌တယ်ဖေဖေ"

ချစ်တယ်လို့ပြောလိုက်တဲ့ လင်းရာရဲ့ စကားကို ဖေဖေက တုန့်ပြန်မှု မရှိခဲ့ဘူး။

သားက အဲ့ဒီကလေးကို ချစ်တယ်တဲ့။ ဒါပေမဲ့ အဖေတစ်ယောက်အတွက်တော့ လက်ခံပေးဖို့ ခက်ခဲနေရသည်။ ကိုယ်က လက်မခံနိုင်ပါဘူးဆိုရင် သားလေး စိတ်ဆင်းရဲရဦးမည်။ လက်ခံပေးဖို့ရာလည်း အဆင်မပြေပြန်။ ဘယ်လိုလုပ်ရမှန်း မသိလောက်အောင်ပါပဲ။

စိတ်မကောင်းဖြစ်ရသလို နှမြောတသ ဖြစ်ရသည်။ မချစ်ပါနဲ့လို့ တားကြည့်ချင်သည်။ ဒါပေမဲ့ သမီးကတောင် လက်ခံပေးထားခဲ့တယ်ဆိုရင် တားလို့မရလို့ဆိုတာကို အဖေတစ်ယောက်အနေနဲ့ သဘောပေါက်ပါသည်။ ဒါ့ကြောင့် လက်ခံပေးနိုင်အောင် ကြိုးစားကြည့်ရသည်။ ကြိုးစားနေရင်းက ပြိုလဲရသည်။ ဖေဖေ့သားက ဖေဖေ့အတွက်တော့ တန်ဖိုးရှိလွန်းလှသည်မို့ လွယ်လွယ်နဲ့ လက်မလျော့ချင်ပေ။ စိတ်လည်း မဆင်း‌ရဲစေချင်သည်မို့ အတင်းအကြပ်လည်း လက်မလျှော့ခိုင်းရက်ပေ။

အနားကနေ သားထွက်သွားတော့ သမီးက အနားကို ရောက်လာခဲ့ပြန်သည်။

"ဖေဖေ"

"အင်း"

"ဖေဖေခုဖြစ်နေတဲ့ ခံစားချက်ကို ခင်လေးလည်း ခံစားခဲ့ရဖူးပြီးပြီမို့ ဖေဖေ့ကို နားလည်ပေးနိုင်ပါတယ်။ ခင်လေးလည်း သားသားကို မချစ်တော့ဖို့ တားကြည့်ခဲ့ဖူးတယ်။ ဒါပေမဲ့ မရခဲ့ဘူး ဖေဖေ။ နောက်ဆုံးတော့ သားသား စိတ်ချမ်းသာဖို့ ခင်လေး လက်ခံပေးခဲ့ရတယ်။ ဖေဖေ့ကို လက်ခံပေးလိုက်ပါလို့ အတင်းမတိုက်တွန်းချင်ပါဘူး။ ဒါပေမဲ့ ခင်လေးတို့ သားသားကို သိပ်ချစ်ကြတယ်မို့လား။ ကိုယ်တွေ့ရဲ့ကလေးက အဲ့ဒီလူ‌နဲ့ ချစ်ရမှ ပျော်ရွှင်ရမှာပါဆိုရင် ခင်လေးတို့ ဘာမှ မတတ်နိုင်ဘူးလေ။ ကလေးပျော်ရွှင်မှ ခင်လေးတို့လည်း ပျော်ရွှင်ရမှာမို့ ကလေးရဲ့ပျော်ရွှင်မှုကို ခင်လေးတို့ လိုက်လျောသင့်ရင် လိုက်လျောရမယ်လို့ တွေးမိတယ်ဖေဖေ။ ဒါဟာ သားသားရော  ခင်လေးတို့ရော စိတ်ချမ်းသာနိုင်မယ့် အကောင်းဆုံးနည်းလမ်းပါဖေဖေ"

မြတ်နိုးစွာ နှောင်ဖွဲ့မိသောWhere stories live. Discover now