|35|

2.4K 474 17
                                    

[Unicode]

ရေချိုးခန်းထဲမှ ယန်ထန်ထွက်လာတယ်၊ အောက်ခံဘောင်းဘီတစ်ထည်ကိုသာ ဝတ်ဆင်ထားလျက်။
အဝတ်ဗီရိုကို အကြာကြီးမွှေနှောက်နေပြီးမှ
"အသစ်တစ်စုံမှမရှိဘူး၊ ငါ့ဟာဝတ်လည်းဖြစ်တယ်မလား?"

"အင်း ဖြစ်ပါတယ်"

အိပ်ရာပေါ်ထိုင်ရင်း၊ ခါးကိုင်းလျက်အဝတ်ရွေးနေတဲ့ ယန်ထန့်အနောက်ဘက်မြင်ကွင်းကို ဟယ်ရှင်းချွမ်အကြည့်မလွှဲနိုင်ဘူး။
လူငယ်တစ်ယောက်ရဲ့နောက်ကျောပြင်ဟာ ကြံ့ခိုင်သန်မာဟန်များအပြည့်ဖြင့်။

ယန်ထန်က ဆွယ်တာတစ်ထည်ကိုထုတ်ယူလိုက်တယ်။
အနောက်လှည့်ကြည့်တော့ ငေးမောနေတဲ့ဟယ်ရှင်းချွမ်နဲ့အကြည့်ချင်းဆုံမိတယ်။
နှုတ်ခမ်းလေးကို အနမ်းတစ်ပွင့်ချွေလိုက်ကာ
"ငါ့ကောင်လေး မုန့်စားပြီးပြီလား?"

"မစားရသေးဘူး"
ဟယ်ရှင်းချွမ်ဟာ ယန်ထန့်ကိုအိပ်ရာပေါ်ဆွဲချတယ်၊ အပေါ်မှအုပ်မိုးထားကာ မကျွမ်းမကျင်အနမ်းချော်ချော်တွေကိုဖန်တီးနေလေရဲ့။

ခဏအကြာမှာတော့၊ ယန်ထန့်မျက်နှာကမပြောင်းပေမဲ့ သူကတော့အသက်ရှူမဝချင်တော့ဘူး။
"အတွေ့အကြုံမရှိသေးတာ သိပ်ဆိုးတာပဲ"

ယန်ထန်က ရယ်တယ်၊ ခါးလေးကိုဖွဖွပုတ်ပေးလာကာ
"သွား ရေမြန်မြန်သွားချိုးတော့၊ အတွေ့အကြုံရဖို့ အခွင့်အရေးတွေပေါ်လာမှာပေါ့"

အိပ်ရာပေါ်မှထသွားတဲ့ဟယ်ရှင်းချွမ်ဟာ ယန်ထန့်နားပြန်တိုးလာပြီး အနမ်းတစ်ခုထပ်ပေးတယ်။
"အတွေ့အကြုံ +1 "

ထို့နောက်မှာတော့ ရေချိုးခန်းထဲပြေးဝင်သွားတယ်။

ဖက်တီးကလည်း သိပ္ပံရွေးလိုက်တယ်၊ သူ့ရဲ့အဆင့်တွေအရ ယန်ထန်နဲ့အခန်းတူတူပဲကျတယ်။

နှစ်ယောက်သားမျက်နှာချင်းဆိုင်မိတော့ ဘာပြောရမှန်းမသိတဲ့အခြေအနေကြီးလို ခံစားနေရတယ်။

"ဘာတဲ့လဲ? မင်းအဖေပြောတာ"

အသားညှပ်ပေါင်မုန့်စားနေရင်း၊ ယန်ထန်က မျက်မှောင်ကြုတ်သွားတယ်။
ဖက်တီးကိုလက်ညှိုးထိုးကာ လေသံမာမာနဲ့ပဲ
"ငါ မင်းကိုမွေးထားတာ ဒီလိုဆိုးနေဖို့မဟုတ်ဘူး! မင်းကိုမင်း လုပ်ချင်တာလုပ်လို့ရပြီထင်နေလား!? ဘယ်သူ့သဘောနဲ့လဲ!? ဟမ်!?"

Hedgehog And Tiger [Myanmar Translation]Where stories live. Discover now