Arc.4.12
3.2K 547 45
ညအချိန်တွင် လသည် အနည်းငယ်သွေးရောင်သန်းနေသလို ညို့မှိုင်းမှိုင်းလေထုက ထိတ်လန့်ကြောက်ရွံ့ ဖွယ်ခံစားချက်ကိုပေးစွမ်းနေသည် ။ သာမန်လူသားများနေထိုင်ရာ လမ်းကြားလေးသည် တိတ်ဆိတ်ငြိမ်သက်နေကာ ခြောက်ခြားစရာကောင်းလှသည် ။
ဘုတ်!!!!
လူသေအလောင်းတစ်ခုသည် အထပ်မြင့်မှ ပြုတ်ကျလာကာ မြေပြင်ပေါ်သို့အရောက် ခြေလက်များမှ အရိုးများကျိုးပဲ့သွားသံပင် ထွက်ပေါ်နေသည် ။ အံ့ဩစရာကောင်းသည်က ထိုအလောင်းသည် တဖြည်းဖြည်းလှုပ်ရှားလာခဲ့ခြင်းပင် ။ လှုပ်ရှားမှုများကြောင့် ကျိုးနေသည့်အရိုးများမှ ထွက်လာသည့် ဂျိုးဂျိုးဂျွတ်ဂျွတ်အသံက ကြားသူတိုင်း ကြက်သီးဖြန်းဖြန်းထဖွယ်ရာပင် ။
ဝှစ်!!!!
ထိုအလောင်းကောင်၏ အနောက်တွင် အနက်ရောင်အရိပ်တစ်ခုပေါ်လာခဲ့သည် ။ နူတ်ခမ်းစပ်မှ သွေးကိုအသာသုတ်လျက် သူ့အရှေ့က အလောင်းကောင်ကို ချိုမြိန်စွာ ကြည့်နေသည့် လူတစ်ယောက် ။
" ဟားးဟားး ၂၄၅ ယောက်မြောက် .. ဒါတွေနဲ့ဆို ရိုမန်ကို အလုပ်ရှုပ်စေမယ်မလား .. ဟီးးဟီးးး " ပြုံးလိုက်ခြင်းကြောင့် မျက်နှာထက်က အမာရွတ်က ရှုံတွသွားကာ ပိုကြောက်မက်ဖွယ်ကောင်းသွားစေခဲ့သည် ။ vampire တစ်ကောင်တွင် မြင့်မားသည့် ကုသနိုင်စွမ်းကို ပိုင်ဆိုင်ထားသောကြောင့် ထိုအမာရွတ်ရှိနေခြင်းက ထူးဆန်းလှသည် ။ မီးလောင်ထားသလိုအမာရွတ်သာမရှိပါကာ ထိုလူသည် အတော်လေးချောမောခဲ့မည်မှာ အသေအချာပင် ။
ထိုအချိန် လှုပ်ရှားသံများကြောင့် ထိုလူကလှည့်ကြည့်ချိန် ကင်းလှည့်နေသည့် အန်းနက်တို့က ဤနေရာသို့ အပြေးလာနေသည်ကို တွေ့လိုက်ရသည် ။ ထိုလူ၏ နူတ်ခမ်းသည် တွန့်ကွေးသွားခဲ့ကာ အန်းနက်တို့ထံ ပြေးဝင်သွားခဲ့သည် ။ " ကစားလို့ကောင်းတယ် ...ဟီးးဟီးးး အခြားလူ‌တွေထက် ရိုမန်ရဲ့လူတွေကို ပုံစံပြောင်းဖို့ ပိုသဘောကျတယ် "
ဒိုင်းးဒိုင်းးဒိုင်းးး
အန်းနက်က တရိပ်ရိပ်ပြေးလာနေသည့် လူအား ချိန်ရွယ်ကာပစ်သော်လည်း မြန်လွန်းသည့် အရှိန်ကြောင့် ပစ်မှတ်အား သေချာမချိန်နိုင်ပေ ။ ပိုပိုနီးကပ်လာသည့် အရိပ်ကြောင့် အန်းနက်က အဖွဲ့သားများအား နောက်ဆုတ်ရန်အချက်ပြလိုက်သည် ။ သူတို့တွေ့နေသည့် vampire သည် သာမန်အဆင့် vampire မဟုတ်ဘဲ အဆင့်တော်တော်လေးမြင့်နေသဖြင့် ရိုမန်အား အကြောင်းကြားရပေလိမ့်မည် ။