Episode-6

4.5K 542 80
                                    

♡Unicode version♡

"ဒါလုံးဝမတရားဘူးနော် ရိပေါ်!..."

"ဟမ်!...ဘာဖြစ်လို့လဲဖေရှီးရ..."

အထုပ်တွေကားဗိုက်ထဲထည့်အပြီးဖေရှီးကရိပေါ်လက်ကိုဆွဲလျှက်ကားပေါ်ခပ်သုတ်သုတ်တက်တယ်။ကားမထွက်မှီအချိန်ကပ်သီလေးမှရောက်လာကြသည်မို့ရိပေါ်နဲ့ဖေရှီးနေရာယူထိုင်ရသည်က နောက်ဆုံးခုံတန်းတွင်သာဖြစ်သည်။

နေရာတကျပင်မထိုင်ရသေးမှုန်တေတေပြောလာသည့်ဖေရှီးစကားကြောင့်ရိပေါ်နားမလည်သလိုမေးမိတော့ဖေရှီးကကားအပြင်ဘက်မှာသာရှိသေးသည့်စီနီယာအကိုကြီးတွေဘက်တချက်ကြည့်လိုက်သည်ကမျက်ခုံးတွေစုကျုံ့လျှက်။

"ဘာတဲ့ အကိုကူညီပါရစေ ညီတဲ့...ရှေ့ကငါ့ကိုကျော်ပြီးမင်းကိုမှလေ...အဲ့ဒါဘက်လိုက်တာရိပေါ်...ဟွန့်!..."

ထိုအခါမှရိပေါ်ဖေရှီးဆိုလိုရင်းကိုသဘောပေါက်လာသလိုခေါင်းလေးတရမ်းရမ်းဖြင့်။

"အဲ့လိုဟုတ်မယ်မထင်ပါဘူးဖေရှီးရာ...ငါကလက်နှစ်ဖက်စလုံးမှာအထုပ်တွေပြည့်နေတော့ အမြင်မတော်လို့လာကူတာနေမှာ..."

"ဟအင်း!...မဟုတ်ဘူး...မဟုတ်တာတော့လုံးဝမဟုတ်ဘူး..."

"ဘာမဟုတ်တာလဲဟင်!..."

ခေါင်းတခါခါနှင့်ကားအပြင်ဘက်ကိုကြည့်ကာသုံးသပ်နေသည့်ဖေရှီးကိုကြည့်ပြီးရိပေါ်မျက်တောင်လေးတွေပုတ်ခတ်ပုတ်ခတ်။

"မင်းမသိပါဘူးရိပေါ်ရာ...အဲ့အကိုကြီးကမင်းကိုစတွေ့ကတည်းကတခုခုပဲ...ခုလည်းကြည့်ပါလား...လှမ်းကြည့်နေလိုက်တာများ မျက်လုံးရွဲကြီးတွေနဲ့..."

"ဘယ်မှာ!..."

"ဟေ့!...ဟေ့!...ပြန်မကြည့်လိုက်နဲ့ ရိပေါ်..."

သူပဲကြည့်ပါလားဆိုလို့ ကြည့်ဖို့လုပ်တဲ့ဟာ ကားမှန်နားပင်ပေးမကပ်ပဲ လက်တကာကာဖြစ်နေသည့်ဖေရှီးပုံစံကစပိုင်တစ်ယောက်လို။ရိပေါ်မှာတော့ကြောင်အန်းအန်းနဲ့သာငြိမ်ကုတ်ထိုင်နေလိုက်တော့တယ်။

"ညီ!..."

"ဟင်!...ဗျာ..."

ခေါ်သံကြောင့်ကြည့်လိုက်မိတော့ ခုနအထုပ်တွေကူသယ်ပြီးကားဗိုက်ထဲနေရာချပေးသည့်ခပ်ချောချောစီနီယာအကိုကြီး။ရိပေါ်မှာရှေ့တည့်တည့်လာရပ်လျှက်ခေါ်လာသည်မို့ဗျာခနဲထူးလိုက်မိပြီးဖေရှီးလည်းပဲလှုပ်လှုပ်ရှားရှားဖြစ်လာရတယ်။

LOVE ME,OK![Complete]Where stories live. Discover now