မာန၏ အခြားတစ်ဖက် 🌟 Part - 17

10.7K 816 42
                                    

Part - 17

                မာန၏ အခြားတစ်ဖက်

                 🌟🌟🌟🌟🌟🌟

လွှမ်း တစ်လ လုံးလုံးအလုပ်ကိုလုံးဝမသွားတော့
ပဲ ဦးမာန် နဲ့ မတွေ့အောင်ရှောင်နေလိုက်ပါတော့
တယ်။ သူနဲ့တွေ့ရင် စကားတွေက အကောင်း
ထွက်လာမှာမဟုတ်သလို လွှမ်း ပဲ စိတ်ညစ်ရမှာမို့လား ။ အဆိုးထဲက အကောင်းလို့ပဲပြောရမလား ။
ဦးမာန် ရော အလုပ်က မန်နေဂျာရောက လွှမ်း
ဆီ ဖုန်းမဆက် ။

အကို က သူ့ခံစားချက်ကို လွှမ်းကို ပွင့်ပွင့်လင်း
လင်း ဝန်ခံပြီးတဲ့နောက်မှာ လွှမ်း လည်း သေသေ
ချာချာတွေးပြီး အကို့ ကိုပဲရွေးချယ်လိုက်တော့
မယ်လို့ စိတ်ထဲတင်းလိုက်မိတိုင်း ဒီလူသားရဲ့
မျက်နှာကိုပဲ ပြေးမြင်ယောင်မိနေတာမျိုး ။ နည်း
နည်းတော်သေးတာက စာမေးပွဲနီးနေလို့် စာတွေ
ကျက်နေရတာနဲ့ ကျန်တာကို စိတ်ထဲသိပ်မ
ထည့်ဖြစ်ဘူး ။

ဖေဖေ့ ကိုစာမေးပွဲ ပြီးရင် ပြန်လာမယ်ဆိုတဲ့အ
ကြောင်း ဖုန်းဆက်တော့ ဝမ်းသာအားရ ဖြစ်နေရှာတာ ။ သားဖနှစ်ယောက်မတွေရတာတောင်ကြာ
လေ ။

ဒီရက်ပိုင်း စာတွေကျက်နေရမှန်းသိလို့ အကို က
လည်း အစားအသောက်အစ သေချာဂရုစိုက်ပေး
ရှာတယ် ။ ညဘက်တွေဆို ကိုယ်မအိပ်မချင်း သူ
လည်း အလုပ်ရှိနေတော့သလို ပုံစံမျိုးနဲ့ စောင့်ပေးတာ ။ ကိုယ်အိပ်ပျော်သွားရင် လာနှိုးပြီး အိပ်ရာ
ဝင်ခိုင်းတာ  အကုန်လုံးကို အသေးစိတ်လိုက်လုပ်
ပေးရှာပေမဲ့ သူအဖြေရဖို့ ဟန်ဆောင်လုပ်ပေးတာမျိုးမဟုတ်ဘူးဆိုတာကို စိတ်ထဲကနေ တကယ်ပဲ ခံစားလို့ရခဲ့တော့ အကို့ ကိုပဲ ရွေးချယ်ပြီး အေးအေးချမ်းချမ်းနေသွားတော့မယ်လို့ ဆုံးဖြတ်မိသွားတဲ့အထိ ။

ကိုယ်လည်း အချစ်ခံပြီး ဘဝကို ပျော်ပျော်ကြီး
ဖြတ်သန်းနိုင်တယ်ဆိုတာကို လူတစ်ယောက်ကို သိစေချင်ပါတယ် ။ ပြဿနာဖြစ်ပြီးထဲက သူ့ဆိုင်
ကို လုံးဝမသွားတော့တာ ခုဆိုလချီနေပြီ။ သူကိုယ်တိုင်ကလည်း ဖုန်းတောင်မဆက်တော့ပါဘူး ။

အင်းပေါ့လေ သူ့လို လိုတရနေတဲ့လူတစ်ယောက်
က ကိုယ့်ကို အချိန်ဘယ်လောက်ကြာအောင် သတိရနေနိုင်မှာလဲ ။ သူမှကိုယ့်ကို မချစ်ခဲ့တာပဲဟာ ။
တွေးနေရင်နဲ့ အလိုလိုစီးကျလာတဲ့မျက်ရည်တွေကို ခပ်ကြမ်းကြမ်း သုတ်လိုက်ရင်း  ဒီလူကို တစ်နေ့
တော့ မေ့နိုင်သွားမှာပါလို့ပဲ တွေးလိုက်မိပါတော့
တယ်။

မာန၏ အခြားတစ်ဖက် 🌟 မာန၏ အခြားတစ်ဖက် ( Completed)Where stories live. Discover now