8 (U)

5.5K 671 18
                                    

လမင်းသခင်ရဲ့ချစ်ခြင်းအလင်္ကာ
အပိုင်း ( ၈ ) အငြင်းခံရတိုင်း ရင်ထဲက နာတယ်ဗျ

စနေ တနင်္ဂနွေတွေမှာ.. သော်တာနိုင်က ကျူရှင်တဖက် ကွန်ပျူတာသင်တန်းတဖက်နဲ့ တနေကုန် မအားလပ်နေတဲ့အချိန်.. ကိုးကလည်း ဦးထွန်းမြိုင်နဲ့အတူ စက်မှုထဲက အလုပ်ရုံကိုလိုက်သွားပြီး ပညာသင်ရင်း အလုပ်ဝင်ခဲ့သည်။ ဦးထွန်းမြိုင်ရဲ့ သံပန်းအလုပ်ရုံမှာ ကြမ်းပေ့ သန်ပေ့ဆိုတဲ့ တပည့်အလုပ်သမားတွေချည်း အယောက် ၂၀ ကျော်ရှိသည့်အနက် ဦးထွန်းမြိုင်လက်အောက်မှာ လက်ထောက် သံပန်းဆရာ ၂ ယောက်နှင့် အတော်အတန် လုပ်တတ်ကိုင်တတ်သည့် အလုပ်သမားများကြားထဲ ကိုးက အငယ်ဆုံး တပည့်။

ပစ္စည်းသိမ်းလည်း ကိုး။ ရေသန့်ဗူးသယ်ရတာလည်း ကိုး။ သန့်ရှင်းရေးလုပ်ရသည်မှာလည်း ဒီကိုးပင်။ သူများတွေက နေ့စဉ်ရက်ဆက် အလုပ်လုပ်ရပေမယ့် ကိုးကတော့ တပတ်မှာ ၂ ရက်ပဲ လုပ်ရသည်မို့ တူတောင် မကိုင်ရသေး။

အလုပ်သိမ်းတဲ့အချိန် သံတိုသံစတွေ ကောက်ပေးရ၊ အလုပ်သမားတွေ ရေချိုးဖို့ ရေစက်မောင်းပေးရတာကအစ ကိုးပဲ လုပ်ရသည်။

ကွမ်းယာချိန် ကွမ်းယာပြေးဝယ်.. လက်ဖက်ရည်ချိန် လက်ဖက်ရည်ပြေးဝယ်နဲ့ အလုပ်သင် တောက်တိုမယ်ရ အငယ်တွေရဲ့ဘဝပေါ့။

ကိုးဟာ ဘယ်သူ ဘယ်လိုခိုင်းခိုင်း အပြုံးမပျက်ဘူး။ သူဟာ ဖင်ပေါ့တဲ့ ခိုင်းကောင်းတဲ့ ကောင်ငယ်လေးပဲ သိပ်ဖြစ်ချင်တော့တယ်။ လမ်းကြောင်းတခု အရွေးမှားသွားခဲ့ရင် ဘယ်လောက်ဒုက္ခရောက်နိုင်ကြောင်း သူ့လောက်သိတဲ့သူ ဒီကမ္ဘာမှာရှိတော့မှာ မဟုတ်ဘူးလေ။

သူ ကျောင်းထုတ်ခံရပြီး အန်တီအေးက အဆောင်ထားပေးပေမယ့်.. အဆောင်မှာ တခန်းတည်း အတူတူနေရခဲ့တဲ့ အာ့ဟောက် ဆိုတဲ့ တရုတ်လေးနဲ့ သူ အဆောင်ကနေ ထွက်ပြေးခဲ့တယ်။ အာ့ဟောက်ရဲ့အဖေက မန္တလေးမြို့ပေါ်မှာ စီးပွားရေးအယောင်ပြထားကာ တရားမဝင် ဘိန်းမှောင်ခိုကူးနေတဲ့ကုန်သည်မှန်း သူ မသိခဲ့တဲ့အချိန်ကတည်းက အာ့ဟောက်နဲ့အတူ မူဆယ်အထိ လိုက်လည်ခဲ့ပြီးပြီ။

တံငါနားနီး တံငါ မုဆိုးနားနီး မုဆိုးဆိုတဲ့အတိုင်း.. ကျောင်းလည်းဆက်မတက်တော့ပဲ ဦးထွန်းမြိုင်နဲ့အန်တီအေး မသိအောင် ဟိုဟိုဒီဒီ အလုပ်လုပ်မယ် ဘာညာအကြောင်းပြပြီး အာ့ဟောက်နဲ့အတူ တရုတ်ဆိုင်ကယ်တွေ ခိုးသွင်းရောင်းစားရာကနေ ပိုက်ဆံကိုင်သုံးရတာကို အရသာတွေ့လာခဲ့ရတာပေါ့။

လမင်းသခင်ရဲ့ချစ်ခြင်းအလင်္ကာ (Completed)Where stories live. Discover now