Chapter -13 (Part 4)

2.4K 401 16
                                    


UNICODE



ရှောင်ထျန်းကသူနဲ့ ရှောင်ရွှမ်း ကြားအကွာအဝေးကိုနားလည်စေချင်တယ်။ သူတို့က နီးနီးကပ်ကပ်ရှိနေပေမယ့် ရှောင်ရွှမ်းရဲ့ အဆင့်အတန်းက သူ၏ခေါင်းထိပ်ထက်တောင်မှအများကြီးပိုမြင့်နေတယ်။

"ဆရာ, ကျွန်တော့်အကိုကို သွားတွေ့လာခဲ့တာလား?"

သူ ရှောင်ရွှမ်း နှင့်ပြန်တွေ့တဲ့အခါ အနည်းငယ်မျက်မှောင်ကြုတ်နေတဲ့ လူငယ်လေးက အခန်းထဲကို

၀ င်လာတယ်။ သူ ပြောတဲ့ ပထမဆုံးစကားကပင် ပြတ်ပြတ်သားသားနှင့်ထိထိရောက်ရောက်ရှိနေခဲ့တယ်။ "အင်း..အမှန်ပဲ"

အူးယမ် ကသူ့အတွက်အချိုရည်အနည်းငယ်ထည့်ပြီးပြုံးရင်းပြောတယ်။

"ငါတို့မင်းရဲ့ ရည်မှန်းချက်ပုံစံအကြောင်းကိုပြောခဲ့တာ"

"ဘယ်သူကဆရာ့ ကိုအခြားသူတွေရဲ့စီးပွားရေးကိုစိတ်ထဲထားဖို့ပြောလို့လဲ?"

အူးယမ် လက်ကလေထဲတွင် ခနလောက်အေးခဲသွားတယ်။ ဒေါသထွက်နေတဲ့ ပုံစံနဲ့ ရှောင်ရွှမ်း ကစိတ်မရှည်စွာပြောတယ်။

"ကျွန်တော်ကိစ္စတွေကို ကျွန်တော်ကိုင်တွယ်နိုင်တယ်...ဘာလို့ဝင်ပါရတာလဲ?"

အူးယမ် ကဘာပြောရမှန်းမသိဘဲ

"ငါထင်တာက ... "

"ဆရာ ဒီအခြေအနေတွေကိုလုံး ၀ နားမလည်ဘူး ... အမှားတွေပဲလုပ်မိလိမ့်မယ်..ဒါမှမဟုတ်ကျွန်တော့်ထက်ပိုကောင်းအောင်လုပ်နိုင်မယ်လို့ထင်လား?"

အူးယမ် စကားမပြောနိုင်ဘဲခြေလှမ်းနှစ်လှမ်းဆုတ်လိုက်တယ်။

."ကျွန်တော့် အိမ်ကို သွားဖို့ ကျွန်တော်မပြောခဲ့ဘူးလေ.. ဘာလို့ ဆရာက အကုန်လုံးသိနေသလိုလုပ်နေရတာလဲ?"

"ငါက .. "

"မေ့လိုက်တော့ , ဘာပြောချင်သေးလဲ? ကျွန်တော်တို့ရဲ့ဆက်ဆံရေးကိုဖွင့်ပြောဖို့လုံလောက်တဲ့မိုက်မဲမှုတော့မရှိဘူးမဟုတ်လား?"

အူးယမ်အရင်ဦးဆုံးနားမလည်မီ အချိန်တော်တော်ကြာအံ့သြမှင်တက်သွားတယ်။

Going Against The Wind (Myanmar Translation) CompletedWhere stories live. Discover now