Cha-30.1

7.6K 1.5K 128
                                    

[Unicode]

ယခုအချိန်မှာ ညအ​တော်နက်​နေပြီဖြစ်တာ​ကြောင့် ယွီချင့်ဟွမ်အ​နေနဲ့ ​ဟော်မိသားစုထံတိုက်ရိုက်တန်းသွားဖို့ဆိုတာ သိပ်ပြီးမသင့်​တော်​ပေ။

ထို့​ကြောင့် ထွက်မလာခင်ဟော်ချွီထံကြိုတင်ဖုန်း​ခေါ်လိုက်သည်။

"ဂိတ်​​စောင့်ကိုကြိုအသိ​ပေးထားလိုက်.. ရောက်တာနဲ့တန်းဖွင့်​ပေးလို့ရ​အောင်"

ထို့​နောက်တွင် အထူးအ​လေးထား​ပြောလိုက်သည်မှာ

"ရောက်ရင်ဖုန်း​ခေါ်လိုက်မယ်.. ဒါဆိုမင်းအောက်ဆင်းလာပြီး​နေရာမှာတင်ရပ်​စောင့်နေ.. ငါမင်းဆီလာခဲ့မယ်"

​နောက်တဖန်​​ထပ်တွေးကြည့်​လိုက်​သော် သူသည်အနည်းငယ်စိတ်ပူပန်​နေတုန်းဖြစ်ကာ ထပ်​ပေါင်းဆိုလိုက်ပြန်သည်။

"​နွေး​နွေး​ထွေး​ထွေး​လေးဝတ်လာ​နော်.. ​​ခေါင်းစွပ်နဲ့လည်စည်းဝတ်လာဖို့မ​မေ့နဲ့ဦး"

​ဟော်ချွီမှာ သူ့စကားများကို နာနာခံခံလိုက်နာ​လေ၏။ဖုန်းချပြီးတာနဲ့တပြိုင်နက် အလျင်မြန်ဆုံးအရှိန်နဲ့ သူ့ကိုယ်သူဝတ်စားပြင်ဆင်လိုက်ပြီး အိပ်ရာပေါ်တွင်ခါးကိုမတ်မတ်ထားထိုင်​နေကာ မျက်လုံးများမှာဖုန်းကိုအစဥ်မပြတ်စိုက်ကြည့်​နေပြီးချင့်ဟွမ်ဖုန်း​​​ခေါ်ဆိုမှုလွတ်သွားမှာကို စိုးရိမ်ပူပန်လို့​နေသည်။

​ဟော်ချွီအပြင်ထွက်မယ်ကြားလိုက်တာနဲ့ ​ဟော်ယုံကချက်ချင်းပဲတားမြစ်ကန့်ကွက်လာ၏။

သူတခုခု​ပြောမည်လုပ်စဥ်မှာ သူ့ဖခင်ကသူ့ပါးစပ်အား လိ​​​မ္မော်သီးတလုံးနဲ့လာ​ရောက်ပိတ်ဆို့သွားခြင်းကိုခံလိုက်ရသည်။

​ဂိတ်​စောင့််ကိုအ​ကြောင်းကြားလိုက်ပြီး ​ဟော်ချွီသူ့အခန်းထဲသူပြန်ဝင်သွားတာ​တွေ့လိုက်​သော် ​ဟော်ယုံသည် လိ​​မ္မော်သီးကိုအ​သည်းအသန်မြိုချလိုက်ပြီး သူ့အ​ဖေအားကန့်ကွက်ပြစ်တင်​တော့သည်။

"ပါး ဘာ​တွေလုပ်​နေတာလဲ? ဘယ်လိုလုပ်ပြီးဟော်ချွီကိုညဘက်ကြီး တ​ယောက်တည်း​ပေးလွှတ်ရတာလဲ?"

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now