Part30(uni+zawgyi)

2.5K 120 17
                                    

Uni

"လမ်းမှာဝယ်စရာရှိတာ ဝယ်ရအောင်"

"ဟုတ်ကဲ့ ကိုကို"

"ဘယ်မှာဝယ်မှာလဲ"

"ရပါတယ် အဆင်ပြေတဲ့တစ်နေရာရာပဲမောင်းလိုက်ပါ ဝယ်ရမယ့်ပစ္စည်းကသိပ်မှမရှိတာ"

"ဘာကိုမရှိတာလဲ မင်းအိမ်မှာနေရင် တစ်ယောက်တည်း တစ်အိမ်လုံးကိုသန့်ရှင်းရေးဘယ်လိုလုပ်မှာလဲ အိမ်မှာ အဝတ်လျှော်စက်လည်းမရှိ ဖုန်ဆုပ်စက်လည်းမရှိ ဘာမှမရှိတာကို"

"ကိုကိုကအဝတ်အစားတွေကို လျှော်စက်နဲ့လျှော်တာမှမကြိုက်တာ လျော်စက်က မဝယ်လည်းရပါတယ် နက်လက်နဲ့ပဲလျော်ပေးပါ့မယ် "

"ခုကြိုက်တယ် လက်နဲ့လျော်တာထက် စက်နဲ့လျော်တာပိုပြောင်တယ် ငါပြောတာအထွန့်မတက်နဲ့ "

"ဟုတ် ဟုတ် နက်တောင်းပန်~"

"လာပြန်ပြီလား ဒီတောင်းပန်တာ နောက်ခါဆို အဲ့တောင်းပန်တဲ့စကားထပ်ပြောရင် ပြောတဲ့ပါးစပ်မလွယ်ဘူးနော်"

"ဟုတ် ဟုတ်"

"ငါတို့ junction square မှာပဲသွားဝယ်လိုက်မယ်နော် အဲ့မှာရုပ်ရှင်လည်းကြည့်ရအောင် ငါသရဲကားကြည့်ချင်လို့"

"ဟိုလေ ကိုကို နက် နက်က "

"ဘာလဲကွာ တစ်ဟိုဟိုနဲ့ ပြောစရာရှိတာပြော ဘာလို့တစ်ဟိုဟိုဖြစ်နေတာလဲ "

"ဘာမှ မဟုတ်တော့ဘူးကိုကို"

ပုလဲနက်ကတစ်ယောက်တည်းသာနေရဲတာ သရဲကားတော့မကြည့်ရဲ အိမ်မှာတောင်မကြည့်ရဲတာ ရုပ်ရှင်ရုံထဲမှာဆိုတော့မတွေးရဲစရာပဲ

ဒါပေမယ့်လည်းမပြောရဲဘူး ကိုကိုစိတ်မရှည်လို့ပါဆို

.....

"ကဲ အိမ်သုံးဖို့ ပစ္စည်းအသေးစားတွေတော့နောက်မှဝယ်မယ်"

ခုတောင် အဝတ်လျှော်စက်တွေရော ရေခဲသေတ္တာတွေရော အိမ်မှာရှိတဲ့ရေခဲသေတ္တာကသေးလို့တဲ့လေ ဝယ်လိုက်တဲ့ရေခဲသေတ္တာက နှစ်ယောက်လုံးတောင်ဝင်အိပ်လို့ရတယ်

တစ်ချက်လေး စောင်းငဲ့ကြည့်ဦးWhere stories live. Discover now