အပိုင်း ၁၀

1K 151 49
                                    


Unicode

  နောက်တနေ့ မနက်အစောပိုင်းလောက်အချိန်တွင်... ပိုင်ဝေ့ရှင်း  လန့်နိုးလာခဲ့သည် ။  သူမကိုယ်တိုင်ပေးထားသောဖုန်းနာရီသံကြောင့်  မနှိုးချင်ပဲ အိပ်ရာမှထကာ... ရေချိုးခန်းထဲသို့ ကိုယ်လက်သန့်စင်ရန် အိပ်တဝက်နိုးတဝက်မျက်လုံးအားပွတ်သပ်ရင်း... ဝင်သွားလိုက်သည် ။ နာရီဝက်ခန့်ကြာအောင် ရေချိုးပြီးနောက်  တဘတ်တထည်အား ကိုယ်ကိုပတ်ကာအပြင်ကိုထွက်လာပြီး...ဗီရိုထဲမှ  သွားလာရလွယ်သည့်ဂျင်းဘောင်းဘီအတိုတထည်နဲ့ အစိမ်းရောင်တီရှပ်တထည်ကို ထုတ်ကာ ဝတ်လိုက်သည် ။  ခေါင်းစွပ်အနွေးထည်ပါးပါးတထည်ကိုပါ ထုတ်ဝတ်ကာ.. အခန်းတံခါးကို သေချာပိတ်ပြီး ကျောပိုးအိတ်ကိုလွယ်ကာ... အောက်ထပ်သို့ ဆင်းလာခဲ့သည် ။ ထမင်းစားခန်းထဲတွင် ဘယ်သူမှမတွေ့ရသဖြင့်..  ပိုင်ဘွားဘွားရဲ့အခန်းဆီသို့ ဦးတည်ပြီး သွားလိုက်သည် ။
  
    အခန်းတံခါးအား ခေါက်ပြီး  သူမ အထဲဝင်လာမည်ဟု ခေါ်ရင်း တံခါးအား ဆွဲဖွင့်လိုက်သည် ။ ကုတင်ပေါ်တွင်  စာအုပ်တအုပ်ကို  ကိုင်ရင် ထိုင်နေသော ပိုင်ဘွားဘွားအား ဖက်နမ်းကာ နှုတ်ဆက်လိုက်သည် ။ 

" ဘွားဘွား သမီးကို​ပြောစရာရှိတာနဲ့အတော်ပဲ... ဘွားဘွား  မနက်ဖြန်ကျရင်  တရုတ်ပြည်ကို ပြန်တော့မယ်... ဘွားဘွား အသက်ကြီးနေပြီ... ကိုယ့်မွေးရပ်မြေမှာပဲ ခေါင်းချချင်တယ်... "

" ဘွားဘွားကလဲ ပြန်တာကပြန်တာပေါ့... အဲ့လိုစကားမျိုးပြောရတာလဲ... သမီးရဲ့ဘွားဘွားက အခုမှ ငယ်ငယ်လေးရှိသေးတာကို... သမီးနဲ့အတူသွားရင်ညီအမလားလို့မေးကြမှာ... "

" အမလေး... ငါ့​မြေးလေးကတော့ ပြောပြီ..  အဟင်း... အဘွားပြောတာကို သေချာနားထောင်... အဘွား ပြန်သွားရင် ဒီမှာကျန်ခဲ့သမျှကို မြေးပဲ ထိန်းသိမ်းစောင့်ရှောက်ရမှာ... အဘွား အကုန်စီစဥ်ထားပြီးပြီ... ဒီနေ့ ညနေပိုင်းကျရင် ရှေ့နေလာမယ်... မြေးလေးက လက်မှတ်ထိုးပေးရမယ်... "

  " အဖေကရော..... "

  " သူ့အတွက်လဲ အဘွားစီစဥ်ထားပါတယ်... ကုမ္ပဏီမှာ ရှယ်ယာနည်းနည်းခွဲပေးခဲ့မယ်...  အဲ့ရှယ်ယာကို သူအလွဲသုံးစားမလုပ်ဖို့တော့ ဆုတောင်းရမှာပဲ... "

ချစ်သောဗီလိန်လေး 2  (Ongoing)Where stories live. Discover now