အပိုင်း - ၁၀

42.3K 3.3K 55
                                    

U&Z

" ပဲပြုတ်သည် ပဲပြုတ် "

ရွာထဲလည်ရောင်းတဲ့ ပြုတ်သည်ဆိုတဲ့မနက်‌ စောစောအော်သံကြောင့် အရိပ်နိုးလာခဲ့သည်။ ခါး၌အနောက်ကနေသိုင်းဖက်ထားပြီး အိပ်ပျော်နေတဲ့ ရိုးလက်လေးကိုမနိုးသွားအောင်ခပ်ဖွဖွဖယ်လိုက်ပြီး အရိပ်အိပ်ရာထလိုက်တော့ ခါး၌နာကျင်မှုကကောင်းကောင်းပင်မထိုင်နိုင်။

အရိပ်နာနေပေမဲ့မထလို့မရ အရီးနဲ့အတူဈေးလိုက်သွားပြီး သူတို့နှစ်ယောက်အတွက်လိုအပ်တာများဝယ်ရန်ညကရိုးပြောထားသည်။

အရိပ်အိပ်ရာထဲကထလိုက်ပြီး ဝါးကြမ်းခင်းမို့အသံမမြည်အောင်ထိန်းနင်း၍ ခါးလောက်မြင့်တဲ့အိမ်ပေါ်ကနေလှေကားသုံးထစ်နင်းဆင်းပြီး အိမ်ရှေ့ရေတွင်းနားမျက်နှာသစ်ရန်လာခဲ့လိုက်သည်။

မကျည်းကန်ရွာလေးကအရိပ်တို့ဇီးပင်ကုန်းရွာလိုမြစ်ကမ်းနံဘေးမဟုတ်တာကြောင့် အိမ်တိုင်းမှာရေတွင်းတူးထားရသည်။

ရေတွင်းမတူးနိုင်တဲ့အိမ်တွေကြတော့ ရေတွင်းတူးထားတဲ့အိမ်တွေဆီကနေရေဝယ်ယူသုံးကြသည်။

အရီးအိမ်ကတော့ ရေတွင်းတူးထားတာကြောင့် တော်သေး၏ အရိပ်ရေတွင်းထဲပုံးပစ်ချ၍ ရေတစ်ပုံးခပ်ယူပြီး ဘေးနားကအုတ်ကန်လေးထဲရေခပ်ထည့်လိုက်သည်။

" အရိပ်နိုးနေပြီလား ညကငရိုးပြောထားလို့ မနက်အရိပ်ကိုဈေးခေါ်သွားပေးဦးတဲ့ လိုက်မှာလား "

အရိပ် အရီးအမေးကြောင့်။

" လိုက်မှာအရီး "

အရိပ်မျက်နှာကပျာကယာသစ်လိုက်၍ သွားတိုက်စရာသွားတိုက်တံကမရှိတာကြောင့် မီးသွေးခဲတစ်တုံးနဲ့တိုက်လိုက်ပြီးနောက် အရီးနဲ့အတူဈေးထဲလိုက်လာခဲ့လိုက်သည်။

ဈေးဆိုပေမဲ့ ဈေးဆိုင်တွေပြည့်နေအောင်စည်ကားနေတာမျိုးတော့မဟုတ် ဟိုနားဒီနားခင်းရောင်းနေကြတဲ့အသီးရွက်တွေနဲ့ငါးသည်တွေသာများသည်။

" အရိပ် သောင်ငါးလေးတွေစားမလား "

" ဟုတ်အရီး ကျွန်တော်ကဘာဖြစ်ဖြစ်ရတယ် "

( သူကြီးသမက် )  CompletedWhere stories live. Discover now