၃၅

13.7K 1.8K 67
                                    

Unicode

ပြင်းထန်သော ယှဉ်ပြိုင်ပွဲ

"စကူတာ" ဟူသည်ကား ရိုးရှင်းသော သယ်ယူပို့ဆောင်ရေး အသုံးပစ္စည်းတစ်မျိုး ဖြစ်သည့်တိုင် အထူးသဖြင့် ရေပေါ်စကူတာများအတွက်မူ ကျွမ်းကျင်စွာ မောင်းနှင်နိုင်ရန် ခက်ခဲပေ၏။ ပရိုကျကျ အသုံးပြုနိုင်ရန်အတွက် အချို့လူများသည် ၂ လ ၃ လမျှ အချိန်ယူရ၍ တချို့လူများကမူ ၃ နှစ်ကျော်လောက်ထိ လေ့ကျင့်ကြရလေသည်။ ၎င်းမှာ လေစွမ်းအင်,အားအသုံးပြုလျက် မောင်းနှင်ခြင်းဖြစ်ကာ ကိုယ်ထည်ကလည်း ပေါ့ပါး၏။ ပုံမှန်အားဖြင့် စကူတာအများစုသည် လူတစ်ယောက်သာ သယ်ဆောင်နိုင်ကြ၍ ညာဘက်လက်နှင့်သာ ထိန်းချုပ်ရခြင်း ဖြစ်သည်။ အမြန်ဆုံးအနေဖြင့် ၁၂၀ မိုင်နှုန်းအထိလည်း မောင်းနှင်နိုင်သေး၏။

[TN : ဒါက ရေပေါ်စကူတာပုံ ..ကိုယ်က အဲ့ဒီလို အားကစားနည်းတွေ သိပ်နားမလည်တော့ ဒါအတွက် သီးသန့်အသုံးကို စဉ်းစားမရဘူး ဖြစ်နေလို့။ ရေပေါ်လျှောစီးတယ်လို့ သုံးရင်ကျ စကိတ်စီးတာနဲ့ ရောသွားမလား ဆိုပြီး အသံထွက်အတိုင်း သုံးလိုက်မိတာ T~T]

မည်သို့ပင်ဆိုစေကာမူ လူတော်တော်များများသည် ၎င်းဂဏန်းအထိ စိန်မခေါ်ဝံ့ရဲပါချေ။ အကြောင်းမှာ စကူတာ၏ကိုယ်ထည်က ပေါ့ပါး၍ သတ်မှတ်ထားသည့်နှုန်းအတိုင်း ချွင်းချက်မရှိ ရွေ့လျားနိုင်သည့်အပြင် ဘရိတ်ဖွဲ့စည်းပုံကလည်း တမဟုတ်ချင်း မသက်ရောက်နိုင်သောကြောင့်ပင်။ အကယ်၍...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


မည်သို့ပင်ဆိုစေကာမူ လူတော်တော်များများသည် ၎င်းဂဏန်းအထိ စိန်မခေါ်ဝံ့ရဲပါချေ။ အကြောင်းမှာ စကူတာ၏ကိုယ်ထည်က ပေါ့ပါး၍ သတ်မှတ်ထားသည့်နှုန်းအတိုင်း ချွင်းချက်မရှိ ရွေ့လျားနိုင်သည့်အပြင် ဘရိတ်ဖွဲ့စည်းပုံကလည်း တမဟုတ်ချင်း မသက်ရောက်နိုင်သောကြောင့်ပင်။ အကယ်၍များ အမြန်နှုန်းနှင့် မောင်းနှင်စဉ်အတွင်း မတော်တဆတစ်ခုခုသာ ဖြစ်သွားပါက မောင်းနှင်သူအား ထိခိုက်မှုကြီးကြီးမားမား ဖြစ်စေနိုင်သည်။

Application For Divorce  [ 离婚申请 ] Where stories live. Discover now