ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (2.2)

7.3K 1.1K 44
                                    

[အလေးအနက်ထားပြီး ရှင်းပြနေသော444: အဆုံးပိုင်းနားမှာရှိတဲ့ Item တွေက နောက်ပိုင်း အဆင့်မြှင့်လို့ရတဲ့ တစ်ခခါဝယ် တစ်သက်သုံး Itemတွေပါ Hostရေ။ ဉပမာပေးပြီးရှင်းပြမယ်နော်...."အပြုံးတစ်ခုနဲ့ တစ်မြို့လုံးကို ကပ်ဘေးဆိုက်သွားစေခြင်း"Skill ကအရမ်း Popular ဖြစ်တာနော့။အဲ့ Skill ကို S.A.B.C..D ဆိုပြီး အဆင့်ငါးဆင့်ထပ်ခွဲထားသေးတယ်။ဒီ Skill ကတစ်ခါသုံး SKillတွေနဲ့ယှဉ်ရင် အဆင့်မြှင့်နိုင်တဲ့အပြင် Host ရဲ့ ပင်ကိုယ်စွမ်းရည်ထဲမှာပါ ထပ်ပေါင်းထည့်ထားလို့ရသေးတယ် Hostရဲ့။ဆွဲဆောင်မှု Skillတွေအကုန်လုံးကို အဆင့်မြှင့်လို့ရတယ်။ Host ကမ္ဘာကူးပြောင်းသွားရင်တောင် ဒါတွေကိုသုံးလို့ရသေးတယ်။ဒါကိုဝယ်သုံးလိုကိတာနဲ့ ဆွဲဆောင်မှုတွေက သူ့အလိုလိုဖြာထွက်နေမှာနော်၊ သူက အထီး၊အမ ပျိုပျို၊အိုအို အကုန်လုံးအပေါ် အကျိုးသက်ရောက်နိုင်တယ်။စျေးကြီးပေမယ့် တန်ပါတယ် Host ရယ်။"D class အဆင့်သွေးမျိုးဆက်ဖြင့် လူတစ်သောင်းကိုဆွဲဆောင်ခြင်း" ကြတော့ ပိုပြီး အကျိုးသက်ရောက်မှု ပြင်းတယ်။ဒါကို Beginner Levelတွေပဲသုံးလို့ရတာ။ဒါက Host ကိုလူတွေပထမတစ်ခါမြင်ရုံနဲ့တင် သဘောကျသွားစေလိမ့်မယ်၊ဒါပေမယ့် နှစ်သက်မှုရမှတ်တော့ မြင့်မှာမဟုတ်ဘူး။Host ကို မြင်မြင်ချင်း ချစ်မိသွားအောင် လုပ်ပေးနိုင်တာမဟုတ်တာဘေးကလွဲရင် အဆင်ပြေပါတယ်။ S အဆင့် ကျတေယ့ အရမ်း စွမ်းအားပြင်းတယ်ဗျ။ရှင်းရှင်းပြောရရင် ဒါကို ခုခံနိူင်တဲ့သူမရှိသလောက်ပဲ။တစ်ချက်လေး ကြည့်လိုက်တာနဲ့ သေဆိုသေ၊ရှင်ဆိုရှင်ပဲ....
"ကောင်းကင်ဘုံရဲ့ရနံနဲ့ နိုင်ငံကျော်အလှလေး"နဲ့
"အပြုံးတစ်ခုနဲ့ တစ်မြို့လုံးကို ကပ်ဘေးဆိုက်သွားစေခြင်း" နှစ်ခုက "သွေးမျိုးဆက်ဖြင့် လူတစ်သောင်းကိုဆွဲဆောင်ခြင်း" အတွက် အကူ Skill တွေလို့ပြောလို့ရတယ်။"သွေးမျိုးဆက်ဖြင့် လူတစ်သောင်းကိုဆွဲဆောင်ခြင်း" ကို C အဆင့်ကို Pointကိုးသောင်း....အဆင့် B ဆို point သုံးသိန်း....အဆင့် A ဆို point ကိုးသိန်း....
အဆင့်  S ဆို Point သုံးသန်း တဲ့။ပစ္စည်းကောင်းဆိုတပေမယ့် အစောပိုင်းမှာ အကျိုးသက်ရောက်မှုနည်းတဲ့အပြင် နောက်ပိုင်း အဆင့်မြှင့်တဲ့ အခါဆိုလဲ စျေးကြီးတဲ့အတွက် လူသုံးနည်းတယ် Hostရဲ့]

ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြား​ယောင်းခြင်းနည်းဗျူဟာWhere stories live. Discover now