Chapter (39)

26.2K 3.4K 143
                                    

မုန့်ရန် လူတစ်ချို့ကို ခေါ်ပြီး စုတိအတွက်၊ အနံ့မှိုင်းတိုက်ခြင်း၊အပ်စိုက်ကုသခြင်း၊ဆေးရည်ဖြင့် ရေချိုးပေးခြင်း၊moxibustion တို့ကိုလုပ်ဆောင်ပေးခဲ့တယ်။ထို့အပြင် စုတိရဲ့ကုတင်နားမှာ သီးသန့်ဖော်စပ်ထားတဲ့ နံ့သာတိုင်ကို ညတိုင်းထွန်းပေးရဉီးမှာဖြစ်တယ်။အကျိုးထူးမထူးကို နောက် တစ်လလောက်နေရင် သိရပြီလေ။

[TN:moxibustionဆိုတာ မြန်မာလိုဆို ကြပ်ထုတ်ထိုးတာနဲ့ဆင်တယ်။အောက်မှာ ပုံထည့်ပေးထားတယ်နော်]

မုန့်ရန် နိူင်ငံခြားမသွားခင် အိမ်မှာ ရက်အနည်းလောက်ပဲနေခွင့်ရခဲ့တယ်။ဆုရခဲ့တဲ့ ရေမွှေးရောင်းချခြင်းနဲ့သက်ဆိုင်တာတွေကို မုန့်ရန် စီမံစရာမလိုခဲ့ပေမယ့် မုန့်ရန် မျက်နှာသွားပြမှ ဖြစ်မယ့် အရာတွေလဲ ရှိနေသေးတယ်။တွဲဖက်ထုတ်လုပ်နိုင်မယ့် Brand တွေကို လော်ရှို့ကရွေးချယ်ပေးထားပြီး အပြီးသတ်ဆုံးဖြတ်ချက်ကို မုန့်ရန်ကိုပဲ ဆုံးဖြတ်ခိုင်းနေတယ်။

မုန့်ရန်ပိုင်ဆိုင်တဲ့ ရေမွှေးCompany က China မှာ လူသိနည်းနေသေးတယ်။အကယ်၍နာမည်ကျော်ကြားချင်ရင် ဆုရ ရေမွှေးကို နာမည်ကြီး Brand တစ်ခုနဲ့ တွဲဖက် ထုတ်လုပ်မှ ဖြစ်လိမ့်မယ်။နိူင်ငံတကာအငယ်တန်းပြိုင်ပွဲမှာ ပထမဆုရခဲ့တဲ့ရေမွှေးပုလင်းတွေမှာ
အပြည်ပြည်ဆိုင်ရာအမွှေးနံ့သာအသင်းကနေ
ဒီဇိုင်းဆွဲပေးထားတဲ့ သရဖူတံဆိပ်ကို အသုံးပြုခွင့်ပေးထားတယ်။အခုဆိုရင် ဒီလို သရဖူတံဆိပ်ပါတဲ့ ရေမွှေးတွေကို နှစ်စဉ်စုဆောင်းနေတဲ့သူတွေအများကြီးရှိလာနေပြီ။ပထမဆုရသွားတဲ့ ရေမွှေးတွေကို နှစ်စဉ်ရောင်းချပေးနေတယ်။များစွာသော ရေမွှေးCompany တွေကလဲ ဒီသရဖူတံဆိပ်ကိုသူတို့ရဲ့ကိုယ်ပိုင် ရေမွှေးတွေမှာအသုံးပြုချင်နေကြတယ်၊ဒါမှသာ ဒီသရဖူအမှတ်တံဆိပ်ကို အမှီပြုပြီး ငွေရှာနိူင်တော့မှာလေ။ဒါ့ကြောင့် မုန့်ရန်နဲ့ တွဲဖက်လုပ်ကိုင်ချင်နေတဲ့ နာမည်ကြီး Brand တွေအများကြီး ရှိနေတယ်။

လော်ရှို့ လာပြတဲ့ Screen ပေါ်က Company စာရင်းတွေကိုကြည့်ရင်းတစ်နေရာရောက်တော့ မုန့်ရန် ကြည့်နေတာကို ရပ်လိုက်တယ်။

သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်Where stories live. Discover now