အပိုင်း ၁၅

11.7K 1K 44
                                    

Uni

ခမ်း ဆေးရုံညဂျူတီထွက်ပြီးသည်နှင့်အိမ်အမြန်ပြန်ရေချိူးကာပေါင်လည်မရှိတရှိကိုယ်ကျပ် ဆွဲသားအနက်ရောင်ကိုဝတ်လိုက်သည်..။

ထို့နောက် Gucci တံဆိပ်လက်ကိုင်အိတ်အနက်ကို ဟန်ကျကျဆွဲကာ ကမ္ဘာမြေ ကုမ္ပဏီဆီသို့ ထွက်လာခဲ့၏..။

လာလမ်းတစ်လျှောက် သူမရင်တွေခုန်နေတာ ထိန်းမရ သိမ်းမရ..။

မနေ့က တည်စေတစ်ယောက် ဒီနေ့ဂျူတီထွက်သည်နှင့်သူ့ကုမ္ပဏီဆီလာခဲ့ဖို့ဖုန်းဆက်လာသည်..။

အဟင်း..တည်စေဘက်ကအရင်ဖုန်းဆက်ပြီး ခေါ်တာ ဒါပထမဆုံးအကြိမ်ဆိုတော့ မယုံကြည်နိုင်ဖြစ်နေမိ၏။...။

ကြည့်ရတာ တည်စေ သူမအပေါ်အသိအမှတ်ပြုတော့မယ်ထင်ပါရဲ့..။

ဟိုကောင်လေးအတွက်တော့သူမစိတ်မကောင်းဖြစ်မိပေမယ့် သနားစိတ်တော့မ၀င်မိချေ..။သုမတားတုန်းကသာလက်ခံခဲ့ရင် ဒီလိုအခြေအနေရောက်မည်မဟုတ်..။

တည်စေ ကုမ္ပဏီရောက်ရင် ဓာတ်ပုံရိုက်ကာလိုင်းပေါ်တင်ပေးရအုံးမည်..။

တစ်လောကလုံး ကမ္ဘာတည်စေက သူမ အပိုင်ဆိုတာ သိစေရမည်..။

ကားပါကင်ထိုးပြီး တည်စေရုံးခန်းရှိရာ ၆ထပ်မြောက်ဆီတက်လာခဲ့၏...။

ကုမ္ပဏီ ဆိုင်းပုဒ်ရှေ့မှာဓာတ်ပုံရိုက်လာဖို့လည်းမမေ့..။

Caption လှလှလေးရေးကာ လိုင်းပေါ်တင်ဖြစ်အောင်လည်းတင်လိုက်သေးသည်..။

ဟိုကောင်လေး အဝေးကနေကြည့်ပြီးခံစားစမ်းပါစေ...။​

လှပသည့်မိန်းမတစ်ယောက်၏ဆွဲဆောင်မှူ့ကို ခန့်ညားလွန်းသောယောကျ်ားတစ်ယောက်က မငြင်းဆန်နိုင်ဘူးဆိုတာ အခုတော့ ထိုကလေးလက်ခံရတော့မည်..။

အမို့အမောက် ရှိူက်ဖိုအသွယ်သွယ်တို့ကို မကြိုက်သည့်ယောကျ်ား မရှိဘူးဆိုတာ နောင်များမှာကြုံကြိုက်ရင်ခမ်းသေချာပြောပြရအုံးမည်..။

မိန်းမတစ်ယောက်မှာရှိတဲ့လှပမှူ့က ယောကျ်ားတစ်ယောက်မယှဥ်နိုင်သော တန်ဖိုးကြီးမားခြင်းတစ်ခုဆိုတာသိစေရမည်လေ..။

ငယ်ချစ်တည်စေM-preg(Completed)Where stories live. Discover now