အခန်း(၉)

2.5K 514 10
                                    

<ဂိုဏ်းကအစ်ကို့အတွက်တကယ်ပဲကောင်းရဲ့လား? >

အဲ့ဒီကလေးအမှန်တကယ်ကိုရှက်နေမှန်းသတိမပြုမိခင်မှာတင်ဝမ်ရွှမ်တုံ့ဆိုင်းသွားခဲ့ရ
သည်။သူ၏အပြုအမူမှာအတွေးတိမ်လွန်း
သည်ဟုရောင်ပြန်ဟပ်လာသလိုခံစားလိုက်
ရပြီးစကားစပြောရန်ကြိုးစားလိုက်၏။

"မင်းဒီတိုင်းနေချင်တဲ့ဆန္ဒမရှိဘူးဆိုရင်ငါမင်း
ကိုအောက်ပြန်ချပေးမယ်လေ"

"မဟုတ်ပါဘူး...မလိုဘူး!"

အဆုံးသတ်တွင်​တော့ပြာပြာသလဲဖြစ်သွား
သူကကျန်းရီသာဖြစ်ခဲ့သည်။

"ကျွန်တော်ဆန္ဒမရှိတာမဟုတ်ပါဘူး..."

ထိုစကားအပြီးတွင်တော့ကျန်းရီ၏မျက်နှာမှာပို၍ပင်နီရဲတက်လာခဲ့တော့သည်။

ဝမ်ရွှမ်လည်းအကူအညီမဲ့စွာခေါင်းခါယမ်း
လျက်ကျန်းရီကိုပွေ့ချီခြင်းသာလမ်းဆက်
လျှောက်ခဲ့လိုက်၏။

အစပိုင်းတွင်ကျန်းရီ၏ခန္ဓာကိုယ်မှာအတော်
လေးတောင့်တင်းနေခဲ့ပြီးပုံမှန်အတိုင်းသက်
သာရာရလာစေရန်တော့အချိန်အနည်းငယ်
ယူခဲ့ရ၏။မျက်လွှာချလိုက်​ရင်းသန့်ရှင်းနေ
ပြီးဖြစ်သောဖြူဖျော့ဖျော့လက်ငါးချောင်း
ကိုကြည့်ပြီးဆုပ်ကိုင်ထားလိုက်သည်။ထို့
နောက်လက်ကိုမြှောက်လိုက်ပြီးလက်ချောင်း
ထိပ်လေးများအားအသာအယာတို့ထိလိုက်
သည်။

ဝမ်ရွှမ့်အားမော့ကြည့်မိရာရလဒ်အနေဖြင့်သူ
၏အပြုအမူများကိုစိတ်ထဲနည်းနည်းလေးမှ
မရှိသလိုမသိချင်ယောင်ဆောင်နေ၏။

သို့ရာတွင်ကျန်းရီလည်းပို၍ရဲတင်းရန်မဝံ့ရဲ
တော့ဘဲတိတ်ဆိတ်စွာဖြင့်လက်နှစ်ဖက်ကို
ယှက်လျက်ဝမ်းဗိုက်ပေါ်တင်ထားလိုက်လေ
သည်။

သူတို့နှစ်ဦးရှေ့ဆက်လျှောက်လေလေဥမင်
အတွင်းပိုင်းမှာပိုမှောင်လေလေဖြစ်လာ၏။
တစ်ဖက်လူ၏အမူအယာကိုခွဲခြားရန်ပင်ခက်
ခဲလာပြီးသူတို့နှစ်ဦး၏အသက်ရှုသံကိုသာ
ကြားနိုင်တော့သည်။

"ဆရာတူအစ်ကို...အစ်ကိုသိလား?"

ကျန်းရီကရုတ်တရက်စကားပြောလာခဲ့၏။

တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]Where stories live. Discover now