Chapter<99> တောတွင်းပဋိပက္ခ(၄)

96 21 0
                                    

Zawgyi

သံထည်နှစ်ခုထိခတ်သံထွက်ပေါ်လာပြီး မှန်ကွဲစများနေရာအနှံ့လွင့်စင်သွားသည်။ အချိန်မီကာကွယ်ခဲ့လင့်ကစား သေးငယ်လွန်းသည့်မှန်ကွဲစလေးကပိုင်ချီမင်ပါးပေါ်သို့ ထိခတ်သွားကာအစင်းရာထင်းသွားစေပြီး စတင်သွေးစို့လာသည်။ အေးစက်တင်းမာသော လေထုအတွင်း စူးရှလွန်းသည့်အရက်နံ့ကထောင်းကနဲထွက်ပေါ်လာသည်။ သူ၏ရှေ့တွင် ကိုယ်ပွားစက်ရုပ်လေးကမတ်တပ်ရပ်လျက်ရှိနေကာ တစ်စုံတစ်ယောက်အား အပေါ်ဘက်သို့မြှောက်ကိုင်ထား၏။ အနှီသူလက်ထဲတွင်တစ်ပိုင်းပြတ်ကွဲနေသည်ပုလင်းတစ်လုံးရှိနေကာ ခြေထောက်နှစ်ချောင်းကလေထဲ၌တွဲလောင်းကျ နေသည်။

အနှီသူကား မျက်လုံးများကျွတ်ကျမတတ်ပြူးကျယ်နေကာ ကိုယ်ပွားစက်ရုပ်အားထိတ်လန့်ကြီးစွာစိုက်ကြည့်နေသည်။ သူရုန်းကန်လေ သူ့လည်ပင်းကပိုတင်းကျပ်လာလေဖြစ်နေပြီး မျက်နှာတစ်ပြင်လုံးသွေးရောင်လွှမ်းကာနီရဲတွက်လာသည်။ ပိုင်ချီမင်ကအထိတ်တလန့်ဖြင့် ကိုယ်ပွားစက်ရုပ်လက်ကိုဆွဲကိုင်၍အလျှင်အမြန်ဟန့်တားလိုက်ရသည်။

"တော်ပြီ....လွှတ်လိုက်တော့....သူသေသွားလိမ့်မယ်"

ဤတစ်ခါတွင်ကိုယ်ပွားစက်ရုပ်က နားမထောင်တော့ပေ။ အဆုံးသတ်တွင် သူ၏လက်ထဲမှလူမှာကြိမ်ဖန်များစွာရုန်းကန်းနေပြီးသည့်နောက် ငြိမ်သက်သွားခဲ့သည်။ မရှုမလှသေဆုံးသွားသည့်အလောင်းကောင်၏မျက်လုံးများမှာ ငြိမ်းချမ်းစွာမပိတ်နိုင်ချေ ။ စက်ရုပ်က အနှီလူအားမြေကြီးထဲသို့အမှိုက်တစ်စကဲ့သို့ပစ်ချလိုက်ပြီးနောက် သူ့ဘက်လှည့်လာကာဆိုသည်။

"သခင်လေးပိုင်....တချို့လူတွေကအခွင့်အရေးဆိုတာနဲ့မထိုက်တန်ဘူး...လူတွေကိုအယုံမလွယ်ပါနဲ့"

"....."

ပိုင်ချီမင်၏တဖန်ပေါ်ထွက်လာသည့် လူသတ်ချင်စိတ်များက ကိုယ်ပွားစက်ရုပ်ထံသို့အေးစက်စက်အကြည့်အဖြစ်ပြောင်းလဲသွားသည်။ အဆင့်မြင့်နည်းပညာဖြင့်ဖန်တီးတည်ဆောက်ထားသည့် စက်ရုပ်များသည် ယခုကဲ့သို့ဆရာပြန်လုပ်တတ်လိမ့်မည်ဟုထင်မထားခဲ့သောကြောင့် ပိုင်ချီမင်မှာတဒင်္ဂမည်သို့တုံ့ပြန်ရမှန်းမသိ။ နောက်ဆုံး အသက်ရှူ လေ့ကျင့်ခန်းအားနှစ်ကြိမ်ခန့်လုပ်လိုက်မှသာ နှာမှုတ်နေသည့်အတွင်းစိတ်ရိုင်းများကငြိမ်သက်သွားရကာ အနှီစက်ရုပ်ကိုတစ်စစီလုပ်ပစ်ချင်စိတ်အား ထိန်းချုပ်လိုက်နိုင်သွားသည်။ ထိုအခိုက် သူတစ်စစီမလုပ်ရသေးခင်ကိုယ်ပွား၏အပေါ်ယံပုံစံက တဖြည်းဖြည်းမှေးမှိန်သွားပြီးအလုံးစုံပျောက်ကွယ်သွားသည့်သကာလ မြေကြီးပေါ်တွင် အရောင်တဖျတ်ဖျတ်လင်းနေသော အဖြူရောင်လက်ကောက်တစ်ကွင်းသာကျန်ရစ်ခဲ့တော့၏။

The Immortal World:Starway(The Legends Of Sorrowless Capital)Where stories live. Discover now