Part7

5.4K 645 34
                                    

ဇင်းမယ်စားအကျော်ဇေယျသည် ဇင်းမယ်မြို့ရိုးကိုခိုင်ခံ့စွာတည်ဆောက်ထားသည်။ဇင်းမယ်မြို့စားတွင် ဆင်၊မြင်း၊ကျေးကျွန်၊ရဲမက်၊ရိက္ခာပေါများသည်။ဇင်းမယ်မြို့ရိုးကျုံးမြောင်းကိုလည်း အခိုင်အခံ့တည်ဆောက်ထားသည်။မင်းရဲကျော်ထင်နှင့်မင်းရဲဗလ ဆင်တပ်ကိုဦးစီးပြီး ဇင်းမယ်မြို့ပြင်တွင် အခိုင်အမာစခန်းချထားသည်။စစ်သည်သုံးရာသာပါသည်မို့ ရန်သူပေါ့လျော့စေရန် သိသိသာသာစခန်းချထားသည်။စစ်သည်သုံးရာပေမယ့် မင်းရဲဗလရဲ့စစ်သည်တွေက ပြိုင်စံရှားပင်။နက်ဖြန်ခါမိုးသောက်တွင် တိုက်ပွဲစမည်။မင်းရဲကျော်ထင်  မင်းရဲဗလနှင့်စစ်ရေးဗျူဟာဥပါယ်များကိုဆွေးနွေးသည်။

"ဗလ မိုးသောက်ချိန်က အသင့်တော်ဆုံးပေဘဲ အဲ့သည်အချိန်က အင်းဝစစ်သည်တွေအားအင်ပြည့်ဝချိန် ရန်သူတွေသတိလစ်ဟင်းနေချိန် ဖြစ်တယ် သင်းတို့ကိုငါတို့တွေက စစ်ကူစောင့်နေတဲ့ရှေ့ပြေးတပ်တွေအနေနဲ့သာ အထင်ရောက်ပါစေလေ"

"အမိန့်အတိုင်းပါ"

"အမိန့်အတိုင်းဆိုပြီးမပြောလေနဲ့ ငါကသည်စစ်တပ်ရဲ့စစ်သူကြီးမဟုတ်ပေဘူး ဗလသာစစ်သူကြီး နောင်တော်ကစစ်ကူပါလေ"

"မဟုတ်ပေဘူး  နောင်တော်ကသာထာဝရအင်းဝရဲ့စစ်သူကြီးပါ"

"ငါ့မှာညီနောင်ကောင်းရှိပေတာကိုး နှိမ့်ချတတ်လှတယ်"

မင်းရဲကျော်ထင်က ကျင်စွယ်မုတ်ဆိတ်မွေးကိုလက်နဲ့ပွတ်ကာ သဘောတကျရယ်ရင်းပြောသည်။မင်းရဲဗလလည်း ပြုံးကာဆောင်ဓားကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားမိသည်။

မိုးသောက်ပြီ။ရောင်နီတစ်စွန်းတစ်စကတိမ်တိုက်ကြားထဲမှ တိုးထွက်လာသည်။လင်းအားကြီးနံနက်တွင် မြူခိုးတွေကဖြန့်ကျက်နေသည်။မင်းရဲဗလရဲ့တပ်မအတွင်းမှ စစ်ချီတံပိုးသံက နံနက်ခင်းကိုအားမာန်ပြည့်ဝရဲရင့်စွာအစ ချီစေလိုက်သည်။စစ်မောင်းတီးသံတွေကကျယ်လောင်ပြီး တပ်သားတွေကိုအားအင်အပြည့်၊ရဲစွမ်းသတ္တိအပြည့် ဖြစ်စေသည်။

မင်းရဲကျော်ထင်နှင့်မင်းရဲဗလ ဆင်တပ်ကိုဦးစီးကာ စစ်ဦးမှနေ၍တိုက်သည်။မြင်းတပ်မှစစ်သည်တို့က ဇင်းမယ်မြို့ပြင်စောင့်တပ်ကို မြှားမိုးတွေပစ်လွှတ်သည်။မင်းရဲကျော်ထင်ရဲ့ဆင်တော်ကေသရာက တွေ့မြင်သမျှနင်းသတ်ချေလျက် ထိုးစစ်ဆင်သည်။ဆင်တပ်အင်အားကို ဇင်းမယ်မြို့ပြင်စောင့်တပ်တို့ မခုခံနိုင်ကြ။မြို့ရိုးအနီးအထိ တဖြည်းဖြည်းဆုတ်ခွာသွားသည်။မင်းရဲကျော်ထင်လည်း မြို့ရိုးကျုံးစပ်အထိ အစွမ်းကုန်တိုက်သည်။ဇင်းမယ်မြို့ရိုးကား ကျိုးပေါက်သွားပြီး မင်းရဲကျော်ထင်ဇင်းမယ်မြို့ကို ထိုးဖောက်ဝင်ရောက်လိုက်နိုင်သည်။မင်းရဲကျော်ထင် ဘေးကိုကြည့်လိုက်ရာ မင်းရဲဗလကိုမတွေ့ရ။ထိုစဉ်မြှားတစ်စင်းက ပျံသန်းလာပြီးမင်းရဲကျော်ထင်ရဲ့ရင်ဝကို ထိုးစိုက်သွားလေသည်။မင်းရဲကျော်ထင် မြှားလာရာအရပ်ကိုကြည့်လိုက်ရာ မင်းရဲဗလက ယခုမှမြှားပစ်လွှတ်ပြီးတဲ့ပုံသဏ္ဍာန်နှင့် လေးတော်ကိုကိုင်ဆောင်ထားသည်ကို တွေ့လိုက်ရသည်။မင်းရဲကျော်ထင်အခြေအနေအမှန်ကို နားလည်သိရှိသွားသည်။

ချစ်သောပြည့်ရှင်မင်း(Completed)Where stories live. Discover now