အချိန်ကား နေ့လည် ၁နာရီခန့်ရှိနေပြီး office tower တစ်ခုရဲ့ အလယ်အလွှာမှာဖွင့်ထားတဲ့ coffee bar လေးတစ်ခု
သို့ စောစေးရတုတို့သူငယ်ချင်း သုံးယောက်စလုံးရောက်နေလေ၏။ထို office tower တွင်သူ့ဦးလေး၏ ရုံးရှိနေပြီး ယခုလက်ရှိ သူတို့ထိုင်နေတဲ့ coffee bar လေးမှာတော့ ဘုန်းမြတ်အကိုရဲ့ဆိုင်ဖြစ်လေသည်။ဝန်ထမ်းတွေအတွက် သီးသန့်ဖွင့်ထားခြင်းမျိုးဖြစ်သဖြင့် နေ့လည်နားချိန်မှလွဲ၍ ဝန်ထမ်းအသွားအလာပါး၏။
စားပွဲဝိုင်းလေး၌ သုံးယောက်သား မျက်နှာချင်းဆိုင်ထိုင်နေစဉ် Grace ကစောစေးရတုကိုကြည့်ပြီးမေးလာသည်။
"ပဲပင်ပေါက် ..!အလုပ်သင်ကိစ္စဘယ်လို စဉ်းစားထားလဲ"
အမြဲတမ်းတပူးပူးတတွဲတွဲ သုံးယောက်မှာ ယခုတစ်ခေါက်တွင်
တော့ ပူးတွဲလို့မရတော့ပေ။ကိုယ်ပိုင်အတွေ့အကြုံနှင့်
အလုပ်ရှင်၏ မှတ်ချက်ကို စာရင်းပြုစုနိုင်မှသာ နောက်ပညာ သင်နှစ်အတွက် အခွင့်အလမ်းများများရမည်ဖြစ်၏။အဖွဲ့သားအချင်းချင်းတူနေလို့ လုံးဝမရသဖြင့် အခုတစ်ခေါက်၌ စောစေးရတု ပို၍ ခေါင်းစားရလေသည်။Grace ကသူ့အဖေရဲ့ မိတ်ဆွေကုမ္ပဏီ၌ အလုပ်သင်ဆင်းခွင့်
ရပြီး ဘုန်းမြတ်မှာတော့ ဦးလေးတစ်ဝမ်းကွဲတော်စပ်သူ၏ အိမ်ရာစီမံကိန်းတစ်ခု၌ အလုပ်ရလေ၏။စောစေးရတုမှာ တော့ ယခုအချိန်ထိယောင်လည်လည်ဖြစ်နေသည်။
လာမည့်အပတ်အတွင်း သင့်တော်မည့် အလုပ်တစ်ခုရှာမရပါက စင်္ကာပူသို့ပြန်ရတော့ပေမည်။စောစေးရတု ခုံပေါ်ခေါင်းမှောက် ချလိုက်ပြီး မျှော်လင့်ချက်မဲ့စွာဖြင့် ပြန်ပြောလာသည်။
"အခုချိန်ထိရှာမရသေးဘူး.."
"နင့်လေးလေး အလုပ်တစ်ခုလုံးရှိနေတာပဲလေ"
"ငါ့လေးလေးက ဟိုကိုပဲပြန်စေချင်တာ ပြီးတော့ သူတို့လုပ်နေတဲ့ စီမံကိန်းတစ်ခုက အလုပ်သင်တွေကို ရှင်းပြနေဖို့အချိန်မရှိဘူး"
YOU ARE READING
If we meet again (ထပ်ဆုံဖြစ်ခဲ့ရင်)
Romance"နောက်ထပ်တစ်ကြိမ်သာ ရှိလာခဲ့မယ်ဆိုရင် မင်းရဲ့ အချစ်ရဆုံးလူပဲ ဖြစ်ချင်တယ်" ~နောင်~ "အချစ်ဆိုတာရယူပိုင်ဆိုင်နိုင်မှ မဟုတ်ဘူး တစ်ခါတစ်လေ သူပျော်ရွှင်ဖို့ ကိုယ့်ဘက်က လက်လွှတ်ပေးလိုက်ရတာကလည်း အချစ်ပဲ" ~သူစိမ်းတစ်ဦး~