Arc.4.16
3K 629 113
ဘန်း!!!
အနက်ရောင်ဝံပုလွေ တစ်ကောင်သည် လွင့်ထွက်လာခဲ့ပြီး သစ်ပင်နဲ့တိုက်မိမှသာ အရှိန်ရပ်သွားခဲ့သည် ။ ပြုတ်ကျကျခြင်း ဝံပုလွေမှ လူတစ်ယောက်အဖြစ်သို့ ကူးပြောင်းသွားခဲ့သည်။
ရိုမန်၏ သေနတ်ပြောင်းဝက ထိုသူ၏နဖူးထိပ်သို့ရောက်သွားသည့်အချိန်တွင် ရိုမန်၏ အကြည့်သည်ပြောင်းလဲသွားခဲ့ကာ အနောက်သို့ ခုန်ဆုတ်လိုက်သည် ။ တချိန်တည်းမှာပင် အလင်းတစ်ချက်လက်သွားကာ ကြီးမားသည့်လက်သည်းများက ကုတ်ဆွဲလာခဲ့သည် ။ လျင်မြန်သည့် အရှိန်ကြောင့် လေထုပင် ကွဲထွက်သွားသလို ထင်မှတ်ရ‌သည် ။ သူသာ အချိန်အနည်းငယ် နောက်ကျသွားပါက လက်‌တစ်ဖက်လောက်တော့ ပါသွားပေလိမ့်မည်။
ရိုမန်က ရောက်လာသည့်သူကို ‌ကြည့်လိုက်သည် ။ ပေါ့ပေါ့ပါးပါးဝတ်ဆင်ထားသည့် လူငယ်တစ်ယောက်ပင်။  ထိုသူကလက်ဆစ်ကိုအသာချိုးလိုက်ပြီး ခေါင်းစောင်းလိုက်ကာ " ဒီတော့.. ခများက အခုတလော ကျွန်တော့်ရဲ့ အဖွဲ့သားတွေကို သတ်နေတဲ့သူပေါ့ .."
" အဲ့လိုတော့ ဘာလဲ ငါ့ကိုသတ်မှာလား .." ရိုမန်က မျက်ခုံးပင့်ကာ ပြန်ပြောလိုက်သည် ။ သူ့ရှေ့က လူငယ်၏ မျက်နှာတွင် အပြုံးတစ်ခုပေါ်လာခဲ့သည် ။ " စိတ်ဝင်စားစရာဘဲ ... ဒါပေမဲ့ ခများရဲ့ အသက်ကို ယူရလိမ့်မယ် .." သူ့အကြည့်က အေးစက်သွားကာ ရိုမန်အား စတင်တိုက်ခိုက်လိုက်တော့သည်။
ရိုမန်က ရောက်လာသည့်‌ကန်ချက်အား အသာစောင်းကာရှောင်လိုက်ပြီး တိုက်ခိုက်လိုက်သည် ။ လူငယ်၏ အခြေခံသည် အတော်လေး ကောင်းမွန်သော်လည်း တိုက်ပွဲအတွေ့အကြုံ လိုနေသေးပေသည် ။ အချိန်ပေးပါက ရိုမန်ကိုပင် ယှဉ်လာနိုင်မည် ဖြစ်သော်လည်း လက်ရှိအချိန်တွင် မဖြစ်နိုင်သေးပေ ။
" သခင်လေး!! ပြေးတော့ !! " ခုနက လဲကျနေသည့် လူက ထလာကာ အော်ဟစ်လိုက်သည် ။
ရိုမန်က နူတ်ခမ်းစပ်မှသွေးအားအသာသုတ်နေသည့် လူငယ်ကိုကြည့်လိုက်သည် ။ ' သခင်လေး .. werewolf မျိုးနွယ်ခေါင်းဆောင်ရဲ့ သားလား ..' သူက တွေးနေသော်လည်း တိုက်ခိုက်မှုက မပြတ်သွားပေ ။ သူ့သေနတ်က လူငယ်၏ ခေါင်းကိုရောက်သွားကာ လဲကျနေသည့်လူအား ကြည့်လိုက်သည် ။