အခန်း(၁၀)

2.4K 540 30
                                    

<ကျဥ်းမြောင်းတဲ့လမ်းမှာငါတို့ဆုံကြတဲ့
ခါပြေလည်ဖို့ခဲဥ်းတယ်>

ဝမ်ရွှမ်သည် ခြေလှမ်းများကို အရှိန်အနည်း
ငယ်လျှော့လိုက်ပြီး သူ့ကို ကျန်းရီ မှီလာ​သော
အချိန်၌ မေးလိုက်၏။

"ဘာတွေဖြစ်နေတာလဲ?"

ကျန်းရီကသက်ပြင်းရှည်ကြီးချလိုက်ပြီးမှ
မှိုင်းညို့ဖျော့တော့နေသောလေသံ​ဖြင့်ပြန်
ဖြေလာသည်။

"အဓိကဇာတ်ကောင်ဝင်လာပြီ"

အဓိကဇာတ်ကောင်?အဲ့တာကဘာကြီးလဲ?

ဝမ်ရွှမ့်နှုတ်ခမ်းများအနည်းငယ်လှုပ်ရှား
သွားပြီးထပ်မေးလိုက်၏။

"မင်းဘာကိုဆိုလိုတာလဲ?"

"ဒီတိုင်း....အခုတော့ကိစ္စတွေပိုရှုပ်လာပြီ"

ဟုတ်ပြီ ကိစ္စတွေပိုရှုပ်လာတယ်ဆိုတဲ့အ
ချက်ကိုတော့ငါလည်းလုံးဝလက်ခံတယ်...

ထိုအမျိုးသားနှင့်အမျိုးသမီးဝတ်ဆင်ထား
သည့်ဝတ်စုံကိုကြည့်ယုံဖြင့်ပင်ပြသနာများ
ရှုပ်ထွေးလာတော့မည်ကိုဝမ်ရွှမ်သိပြီးသား
ဖြစ်၏။မြောက်ပိုင်း'ဖန်လိုင်'ဂိုဏ်းမှာအချုပ်
အချာအာဏာရှိသောရှန်ပြည်ထောင်မှ
'ဖန်လိုင်'ကျင့်ကြံရေးဂိုဏ်း၏တစ်ခုတည်း
သောဂိုဏ်းခွဲပင်ဖြစ်သည်။မြောက်ပိုင်း'နင်'
ပြည်ထောင်၏ထူးခြားနက်နဲသောဂိုဏ်းကြီး
ခုနစ်ဂိုဏ်းထဲတွင်ပါဝင်ပြီး'တံခွန်တိမ်တိုက်'
ဂိုဏ်း၏ပြိုင်ဘက်ဂိုဏ်းလည်းဖြစ်ပြန်သည်။

ဝမ်ရွှမ်ခေါင်းခါယမ်းလိုက်ပြီးအနီးကပ်ကြည့်
ရန်သာရှေ့ဆက်တိုးလိုက်၏။ထိုဝင်လာသူ
နှစ်ဦးအားဝမ်ရွှမ်အမှန်တကယ်ပင်မှတ်မိပါ
ချေသည်။သူတို့နှစ်ဦးမှာဝမ်ရွှမ်နှင့်မျိုးဆက်
တစ်ဆက်ထဲတွင်မွေးဖွားခဲ့သူများဖြစ်ပြီးအ
တော်အတန်လည်းလူသိများသည်။

အမျိုးသမီးမှာခေါင်းပေါ်၌ရွှေရောင်ဆံညှပ်
ပန်ဆင်ထားပြီးအသားအရည်လတ်ကာ
ကြည့်ကောင်းသောမျက်နှာမျိုးရှိသည်။ထို့အပြင်မျက်ဝန်းထောင့်၌လည်းလှပသောမှဲ့စက်ရှိသေးသည်။ထိုအမျိုးသမီးမှာဒဏ္ဍာရီသဖွယ်ဖြစ်တည်မှုမျိုးရှိသည့်"ရွှယ်ပင်းအာ"
ပင်တည်း။အနှီရွှယ်ပင်းအာမှာအတွေ့အကြုံယူရန်မြောက်ပိုင်း'ဖန်လိုင်'ဂိုဏ်း၌သူမအားတမင်တကာနေရာပေးထားသော'ဖန်လိုင်'ကျင့်ကြံရေးဂိုဏ်းမှအကြီးအကဲတစ်ဦး၏သမီးလည်းဖြစ်သည်။သို့ဖြစ်ရာသူမ၏ကိုယ်ရေး
ရာဇဝင်နှင့်အချက်အလက်များမှာသာမာန်တော့မဟုတ်ပေ။

တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]Where stories live. Discover now