Part33(uni+zawgyi)

2.5K 111 17
                                    

Uni

နက်နိုးလာတော့ ဘေးမှာ ကိုကို့ကိုတွေ့တယ်

နက်ကိုကြည့်ပြီးပြုံးပြနေတဲ့ ကိုကို့ရဲ့ အပြုံးတွေက သိပ်မပြီပြင်ဘူး

ငိုထားမှန်းသိသာလွန်းတဲ့ နှာခေါင်းရဲရဲတွေနဲ့ မျက်နှာနီနီလေးကြောင့် နက်ဘာမှမပြောဘဲ ကိုကို့ကိုကြည့်နေမိတယ်

ဘာလို့များလဲ့ကိုကို ဘာလို့ငိုထားတာလဲ ကိုကို့ကို. ဘယ်သူကများငိုအောင် လုပ်နိုင်တာလဲ ဘယ်သူမှန်းမသိပေမယ့် အဲ့လူကိုနက်သိပ်အားကျတာပဲ

ကိုကို နက်ကြောင့် နက်ရဲ့ကိစ္စတစ်ခုခုကြောင့် ကိုကိုနက်ကို အရေးတယူလုပ်ပြီး ခံစားချက်လေးဖြစ်လာရင်. သိပ်ကောင်းမှာ

နက်ဒီနေ့သိပ်ပင်ပန်းခဲ့တာ မနက်ကြီးမြနဲ့ ဘုရားသွားပြီး shopping ထွက်တည်းကပေါ့

ကိုကိုနဲ့လည်း junction square ကိုထပ်သွားသေးတော့.
လူကတော်တော်ပင်ပန်းသွားတာ

အဲ့ဒါကိုမှသရဲကားကအရမ်းကြောက်လိုက်ရတော့ ရှိသမျှအားတွေအကုန်လုံး ယူပစ်လိုက်သလိုကို ပျက်နေခဲ့တာလေ

အန်တီမေရောက်လာပြီး ပြဿနာဖြစ်ကြတော့ နက်ဘယ်လိုမှမဟန်နိုင်တော့ဘူး

ကိုကိုကလေ နက်ကိုရိုက်တယ် ပြီးတော့လည်ပင်းလည်းညစ်တယ်

နက်သေရမှာကြောက်လိုက်တာ

အသက်ရှူကျပ်တဲ့ဝေသနာသိပ်စိုးတာပဲနော်

ကိုကို့ကိုကြောက်လိုက်တာ

ပစ္စည်းတွေရောက်လာတော့လည်း ကိုကိုကမရှိတော့ နက်ပဲ ဦးဆောင်ပြီး နေရာချရတာပေါ့ ကိုယ်တိုင်မရွေ့ရတာမှန်ပေမယ့်

ဟိုပစ္စည်းကောက်သိမ်း ဒီပစ္စည်းကောက်သိမ်းဆိုတော့ ပင်ပန်းတာကမလျော့ပါဘူးလေ

ကိုကိုပြောတဲ့ စကားလုံးတိုင်းက နက်ရင်ကိုခွဲနေသလိုပဲ

နက်ကမိန်းကလေးပါကိုကိုရယ်

နက်မှာ အရှက်နဲ့သိက္ခာတရားတော့ရှိပါတယ် တွေ့သမျှလူတွေကိုနက်နဲ့သမှုတ်နေရတာ

ကိုကိုသိပ်သဘောတွေ့နေခဲ့တာလား
ဒါဆိုလည်းပြောပစ်လိုက်ကိုကို နက်သက္ခာတွေကိုရစရာမရှိအောင်သာ ချေမွပစ်လိုက်ပါတော့ နက်ကုန်းကောက်စရာမရှိတော့အောင်နင်းခြေပစ်လိုက်ပါတော့

တစ်ချက်လေး စောင်းငဲ့ကြည့်ဦးWhere stories live. Discover now