ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (3.1)

6.8K 1K 21
                                    

ရှဲ့ဟယ် ကို လူတစ်ယောက်က ဝင်တိုက်သွားတကြောင့်ကျိုးရိကျယ် အရှေ့ကိုမသွားနိုင်ရှာတော့ပေ။သယ်ထားတဲ့ ဝိုင်ခွက်တွေ၊ရေခွက်တွေက ဝင်တိုက်ခံရတာကြောင့် ထိုလူပေါ်ကို ဖိတ်စင်ကုန်တယ်။ရှဲ့ဟယ် ချက်ချင်းစလို တောင်းပန်စကားဆို လိုက်လေတယ်။

" တောင်းပန်ပါတယ်။ကျွန်တော် တောင်းပန်ပါတယ်..."

ရှဲ့ဟယ်ကို ဝင်တိုက်သွားတဲ့ ထိူလူက မယုံနိူင်လောက်အောင် ငယ်ရွယ်ချောမောနေတယ်။ရှဲ့ဟယ်ရဲ့ စိုးရမ်ပူပန်နေတဲ့အမူပရာကို မြင်တဲ့အခါ ထိုလူငယ်လေးရဲ့ မျက်ဝန်းတွေထဲမှာ တက်မက်မှုအလင်းရောင်တစ်ခု ဖြတ်ပြေးသွားတယ်။ထိုအချိန်မှာ ကောင်လေးတစ်ယောက်ရောက်လာပြီး ရှဲ့ဟယ်ရဲ့ ရှေ့မှာ ပိတ်ရပ်လိုက်တယ်။ထိုကောင်းလေးက သူ့ရဲ့ခန္ဓာကိုယ် ကိုအသုံးပြုပြီး ရှဲ့ဟယ်ရဲ့ ပုခုံးကို ဝင်တိုက်လိုက်တယ်။

"တင်းကော ရဲ့ အဝတ်အစားတွေဘယ်လောက် စျေးကြီးလဲ မင်းသိလား?? တောင်းပန်လိုက်ရုံနဲ့ ပြီးသွားရောလား??"

ရှဲ့ဟယ်စိတ်ထဲကနေ ပြုံးလိုက်တယ်။ဒီနှစ်ကောင် စရောက်လာကတည်းက သူ့ကို ကောက်ကျစ်စဉ်းလဲတဲ့ အကြည့်တွေနဲ့ ကြည့်နေတာလေ။တဏှာရာဂလွှမ်းနေတဲ့ အတွေးတွေက ဒင်းတို့မျက်နှာပေါ်မှာ ဖုံးမရဖိမရနိူင်အောင် အရှင်းသားထင်ဟပ်နေတယ်။ဒီလို အပျော်အပါးလိုက်စားတတ်တဲ့ မိသားစုမျိုးဆက်တွေကို ရှဲ့ဟယ် မရေမတွက်အောင် တွေ့ခဲ့ဖူးပြီးပြီ။ဒီလိုလူစားတွေက စည်းလွတ်ဝါးလွတ်နဲ့ ထင်ရာစိုင်းပြီး လုပ်ချင်ရာလုပ်တတ်ကြတယ်လေ။ရှဲ့ဟယ်ကလဲ ဒီလိုလူမျိုးတွေသူ့ကို ခလုတ်လာတိုက်မယ့်အချိန်ကိုစောင့်နေတာ၊ဒါမှသာ သူ့အတွက် အခွင့်ရေးတစ်ချို့ရလာနိုင်မှာလေ။ရှဲ့ဟယ် အလွန်စိုးရိမ်ထိတ်လန့်နေတဲ့ အမူအရာနဲ့ တောင်းပန်လိုက်တယ်။

"ကျွန်တော်တောင်းပန်ပါတယ်၊ဒီလိုမျိုးဖြစ်သွားဖို့ မရည်ရွယ်လိုက်ပါဘူးဗျာ....."

ရှဲ့ဟယ်ရဲ့ မျက်ဝန်းနက်နက်လေးတွေထဲက ကူကယ်ရာမဲ့နေမှုကို မြင်လိုက်တဲ့အခါ ထိုလူနှစ်ယောက်လုံး လည်ချောင်းတွေခြောက်သွေ့လာတယ်။အခုချက်ချင်းလက်ငင်းကို ရှဲ့ဟယ်ကို တက်ဂျိန်းချင်စိတ်ပေါက်နေပြီ။ဒီလို ဇာတ်လမ်းဆင်ပြီး မနူးမနပ်လေးတွေကိုဆွဲစားနေတာ သူတို့အတွက် ပထမဆုံးအကြိမ်မှမဟုတ်တော့တာ။တစ်ယောက်နဲ့တစ်ယောက်မျက်စပစ်ပြပြီးတာနဲ့ရှဲ့ဟယ်ကို ဝင်တိုက်ခဲ့တဲ့ကောင်က မဟာဂရုဏာကြီးမားဟန်ဆောင်ပြီး အမှတ်ဝင်ယူပြီလေ....

ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြား​ယောင်းခြင်းနည်းဗျူဟာWhere stories live. Discover now