Chapter two: : အောင်အောင်ဦး နှင့် မျိုးမင်းထက်

10K 78 2
                                    

Chapter two:           : အောင်အောင်ဦး နှင့် မျိုးမင်းထက်
 
“ကလင်....ကလင်..ကလင် ”

“ကလင်....ကလင်...ကလင်”

“ ⏰⏰⏰⏰⏰⏰⏰⏰⏰⏰ ”
 

အိပ်ယာဘေးနားရှိ စာပွဲတင်နာရီ၏ နိုးစက်သံကြောင့် သန့်ဇင်ကိုတစ်ယောက် အိမ်မက်မက်လို့ ကောင်းနေတုံးမှာပင် လန့်နိုးလာသည် ။

သူမျက်လုံး နှစ်လုံးဖွင့်လိုက်တော့ စစချင်း ခေါင်းထဲဝင်လာသည့်အတွေးက “ဒီနေ့ တနင်္လာနေ့ပါလား......ငါကျောင်းသွားရတော့ မှာပါလား” ဟူ၍ဖြစ်လေသည် ။

သန့်ဇင်ကိုလည်း မထချင်ထချင်ဖြင့် အိပ်ယာပေါ်မှ ထပြီး စောင်တွေကိုခေါက်သိမ်းခဲ့ကာ အိမ်အောက်ထပ်သို့ ဆင်းလာခဲ့သည်။
 

အမေဖြစ်သူကတော့ မီးဖိုချောင်ထဲတွင် တစ်အိမ်လုံးစာအတွက် ထမင်းဟင်းများ ချက်ပြုတ်နေလေသည် ၊ မီးဖိုချောင်ထဲက သူ့အမေက သန့်ဇင်ကို ကိုမြင်တော့.....

“သား....မင်းလုပ်စရာရှိတာလုပ်ပြီးရင် ညီမလေးကို သွားနှိုးလိုက်ဦး”

“ဟုတ်ကဲ့အမေ”
 
သန့်ဇင်ကိုလည်း မျက်နှာသစ် သွားတိုက် အိမ်သာတက်ပြီးတော့ မျက်နှာသုတ်ရင်း သူ့ညီမလေးကို အိပ်ရာမှနှိုးလိုက်သည် ၊ ပြီးနောက် ရေတွင်းထဲကရေကိုဆွဲကာ တစ်အိမ်လုံးရှိ စဥ့်အိုးများ...ရေကန်များ....သောက်ရေအိုး...မီးဖိုချောင်အတွက် ပန်ကန်ဆေးရန် ထားရှိသော ရေကန်ငယ်လေး....နောက်ဆုံး အိမ်သာရေအတွက်ပါ လိုအပ်သလောက် ရေဆွဲပြီး ဖြည့်ပေး ရသည်။

မနက်ခင်းပိုင်း ရေဖြည့်သည့်တာဝန်မှာ သန့်ဇင်ကိုဖြစ်ပြီး ညနေခင်းပိုင်း ရေဖြည့်သည့်တာဝန်မှာလည်း သူပင်ဖြစ်လေသည်။
 
မနက်စာကို မိသားစုအတူတူစားပြီးသောအခါ ရုံးသွားရန် ကျောင်းသွားရန်အတွက် ပြင်ဆင်ကြရ လေသည် ၊ သန့်ဇင်ကိုက အမေ့စက်ဘီးရော သူ့စက်ဘီးပါ ဂိုထောင်အပြင်ဖက် ထုတ်ခဲ့ပြီး ​ရှေ့ဘီး နောက်ဘီး လေလျော့မလျော့ လက်ဖြင့်စမ်းကာ လေလျော့နေလျင် လေထိုးတံဖြင့် ကုန်းကုန်းကွကွ နှင့်ထိုးရလေသည် ။

အမေနှင့် နှစ်တန်းအရွယ် ညီမလေးက တစ်စီး ၊ သူကတော့တစ်ကိုယ်တော် တစ်စီးဖြစ်လေသည် ၊ အိမ်တွင်တော့ အဖိုးတစ်ယောက် ထည်းအိမ်စောင့်အနေဖြင့် ကျန်ရစ်ခဲ့လေသည်။
 

When we were young Where stories live. Discover now