အပိုင်း (1) Uni/Zawgyi

14.1K 416 20
                                    

ဘုရင့် သည်းဦးပန်
အပိုင်း(1)

".........."
မျက်လုံးပြူးပြူးနဲ့ကြည့်နေသော ဆံပင်အဖြူတစ်ဝက်အနက်တစ်ဝက်နှင့် အကြားမြင်ဆရာမသည် အတော်အံ့အားသင့်နေပုံရ၏ ။

"ဆရာမ တစ်ခုခုပြောဦးလေ ကျွန်မကို ရောက်ကတည်း ဒီတိုင်းကြည့်နေတာကြာနေပြီ"
"ထူးဆန်းတယ် "
"ဟင်!"

"မင်း ရဲ့ကံကြမ္မာက တော်တော်ဆိုးဝါးတာပဲ"
"အဲ့တာသိပြီးသားမို့လို့ တခြားဟာပြောပြပါ"

"ဟဲ့ နင်ဘယ်လိုဖြစ်နေတာလဲ ဆရာမတစ်ခုချင်းပြောပြလိမ့်မယ်လေ"
ဘေးကသူငယ်ချင်းကလက်တို့ရင်းတိုးတိုးလာသတိပေးသည်။

အမလေး...စိတ်မရှည်လိုက်တာ အစကတည်းက မလာချင်ပါဘူးဆို အတင်းဆွဲခေါ်လာတာ ဘေးကသူငယ်ချင်းမအား သူမက မကျေမနပ်ကြည့်လေ၏။

"မင်းကအသက်၂၀ပြည့်မှာဖူးစာရှင်နဲ့ဆုံရမယ်"
"အာ...သိပ်မလိုတော့ဘူးပဲ နောက်လဆိုရင် ၂၀ပြည့်တော့မှာ!"

"အဲ့ဒီဖူးစာရှင်က မင်းဘဝတစ်ခုလုံးကို သိမ်းပိုက်လိမ့်မယ် မင်းဆက်တိုက်ဆက်တိုက်ကြုံတွေ့ခဲ့ရတဲ့ကံဆိုးမှုတွေကို သူကပဲတားဆီးနိုင်လိမ့်မယ် မင်းအတွက်ကြီးမားတဲ့အရိပ်အာဝါသတွေပေးလိမ့်မယ်"

"ဝါး ဖူးစာရှင်ကောင်းပဲ"
သူငယ်ချင်းမက သူမအား အားကျသမှုနှင့်ပုခုံးအားကိုင်လှုပ်လိုက်သည်။

"ဒါပေမဲ့....."

အကြားမြင်ဆရာမ၏ ရုတ်တရက်ရှေ့တိုးလာသော မျက်နှာနှင့် ပြူးလွန်းသောမျက်လုံးကြောင့် သူမ အနောက်သို့ဆုတ်သွားရင်း

"သူနဲ့ပတ်သက်ပြီးတော့ မင်းနာကျင်မှုတွေဆက်တိုက်ရင်ဆိုင်ရမယ် မင်းတို့၂ယောက်ရဲ့ကံကြမ္မာက အများကြီးဆန်းကြယ်တယ် ကျိန်စာတစ်ခုကြောင့် မင်းကသူ့အတွက်ဖြစ်တည်လာတာ မင်းကသူ့မိဖုရားပဲ"

သူမ နှာခေါင်းရှုံ့လိုက်ပြီး ပိုနီးလာသော အကြားမြင်ဆရာမရုပ်ဆိုးဆိုးရဲ့မျက်နှာကြီးကြောင့် ကြက်သီးထကျောချမ်းမိပါသည်။

"အရေးကြီးဆုံးက သူကလူမဟုတ်ဘူး"
"ဟမ်??..."

××××××××××××××××××××××

ဘုရင့် သည်းဦးပန် (Completed) OCWhere stories live. Discover now