Episode♡1

11.2K 1K 85
                                    

မိုး​လေဟာ​ပြောင်းလဲလာသလို မိုးရာသီဖြစ်တာ​ကြောင့်
​အေးချမ်းမှုနဲ့ စိုစွတ်မှုကို ခံစား​နေရသည်။​မြေနံ့သင်းသင်း​လေးက ရှူရိုက်လိုက်တိုင်း ရင်ထဲ​အေးမြ​စေသည်။ခုဆို သူမဒီနန်း​တော်ရဲ့ မိဖုရား​ခေါင်ကြီးအဖြစ်တည်ရှိ​နေတာ 6နှစ်ရှိခဲ့ပြီ......သား​တော်ကြီး ကင်​ဆော့ဂျင်ဟာ12နှစ်အရွယ်ရှိပြီး ယခုဆိုလျှင် တတ်​မြောက်သင့်သည့် အတတ်ပညာတို့ကို သင်ယူ​နေပြီဖြစ်သည်။ဒီနန်း​တော်ထဲမှာရှိတဲ့ သူ​တွေအကုန်လုံးက ​သွေးစုတ်ဖုတ်​ကောင်​တွေဖြစ်ပြီး လူ​တွေလိုသာပုံစံနဲ့ ​နေထိုင်​နေကြတာ.....မိဖုရား​ခေါင်ဆိုတဲ့ ပါဝါ​ကြောင့်သာ ဘယ်သူမှ သူမနဲ့သား​တော်​ဆော့ဂျင်ကိုမထိပါးရဲ့....ကြားထဲက ​သွေးစုတ်ဖုတ်​ကောင်နဲ့၀ံပု​လွေ​ရော​နေတဲ့ ​သွေး​နှောသား​တော်​လေး ကိုလဲ ဘယ်သူမှမထိရဲ.....သူ​လေးက6နှစ်အရွယ် ​ချစ်စရာ​က​လေး​လေးဖြစ်​တဲ့ ကင်ထယ်​ယောင်းမှာ သူ့ဖခမည်း​တော်ရဲ့ အသည်းညှာပင်ဖြစ်သည်......ဟန်မျိုးရိုးကိုဆက်ခံရမှာဖြစ်ပင်မဲ့ ထိုသူသည် သူမရဲ့စကားအတိုင်းသားငယ်ကိုပါ ကင်မျိုးရိုးတပ်ခွင့်​ပေးခဲ့သည်။ထိုကိစ္စတုန်းကဆိုလျှင် အမတ်​တွေရဲ့ ​အပြစ်တင်သံ​တွေကြားခဲ့ရပင်မဲ့ ဟန်အွန်းဂျာဆိုသူက သူ့ရဲ့မိဘုရားနဲ့ သား​တော်​တွေကို ထိလျှင် ချက်ချင်းသတ်ပစ်လိုက်တာပင်......​ဆော့ဂျင်​လေးကို​တော့ သားအဖြစ်သတ်မှတ်မထားပင်မဲ့ မ​ကောင်းတဲ့သူလဲမဟုတ်....

"ဖား​လေး တစ်​​တောင် နှစ်​တောင်"

မိုးရာသီမို့ မင်းသားငယ်​လေးရဲ့ နန်း​ဆောင်အ​ရှေ့က ကန်​ရေပြင်တွင် ဖား​လေးများတန်းစီ​နေသည်ကို လက်ပိစိ​လေး​တွေဖြင့် လိုက်​ရေတွက်​နေခြင်းပင်.....ထိုချိန် သူ့ရဲ့ဖင်အ​နောက်​လေးက​နေ အမြှီး​သေး​သေး​လေးထွက်လာ​တော့ ဖား​လေး​တွေကလန့်ကာ​ပြေးသည်....

"ဟိတ် ဟိတ် ​ပြေးနဲ့​ယေ ဟာ​ပြေးပါနဲ့ချို"

ဖား​လေး​တွေကခုန်စွ ခုန်စွ​ပြေး​တော့ သူပါ​မြေ​ပေါ်လက်​ထောက်ပြီး ခုန်စွခုန်စွဖြစ်​နေတာ အမြှီးတစ်ယမ်းယမ်းနဲ့......

"သား​တော်​လေး မယ်​တော့ဆီလာပါအုံး"

ထိုအခါ ဒီပုပု​သေး​သေး​ဖောင်း​ဖောင်းအစ်အစ်​လေးက မတ်တပ်ရပ်ကာ လက်က​ပေ​ရေ​နေတဲ့ ​မြေမှုန်​တွေကို ခါချကာ သူမဆီအ​ပြေး​လေး​ရောက်လာသည်။

More  Than  Love::TK::{Completed}Where stories live. Discover now