Chapter - 134

7.6K 1K 202
                                    

Unicode
~~~~~~~

ထိုအသံပိုင်ရှင် ညွှန်ပြသည့်နေရာသို့ ဖန်းဂူတစ်ယောက်ထည်း ရောက်ရှိလာခဲ့တယ် … နယ်မြေက အလွန်အန္တရာယ်များပြီး ပြန်ထွက်ရန်ပင်မဖြစ်နိုင်သည့် အစိုးရပိုင်နယ်မြေတစ်ခု … ဖန်းဂူလိုအမှောင်လောက Lion လို့ဖော်ပြခံထားရသည့်လူအဖို့ ထောင်ချခံလိုက်ရတာနှင့်အတူတူပင် … သို့ပေမဲ့ မိသားစုကပိုအရေးကြီးတာမို့ ဖန်းဂူ မကြောက်မရွံ့ ရှေ့ထွက်ပြကာ အဖမ်းခံလိုက်တယ် …

လက်နတ်အပြည့်အစုံနဲ့ ကာကွယ်ရေးတပ်သားတစ်ချို့က ရှန်ဖန်းဂူကိုမြင်တော့ ဖမ်းချုပ်လိုက်ကြပြီး ခန္ဓာကိုယ်မှာ လက်နက်ပါမပါစစ်ဆေးကြတယ် … ဒီလိုလုပ်ဆောင်မှုမျိုးကိုမကြိုက်ပေမဲ့ သူလက်တုန့်ပြန်လျှင် သားနဲ့မယားကို အန္တရာယ်ပြုမည်ဆိုး၍ ဖန်းဂူငြိမ်၍သာနေနေခဲ့တယ် …

ဇီဝနည်းပညာစမ်းသပ်ဆောင်အရှေ့၌ ရောက်ရှိနေပြီး အစောင့်တွေကပုံမှန်ထက်ပင်များပြားနေတယ် … ချန်းက အပြည့်အဝအကာအကွယ်ယူထားပုံထောက်ရင် ဒီနေရာက သူတို့ရဲ့အသိုက်အစစ်ဆိုတာသေချာသွားပြီ … စိတ်ကျေနပ်တဲ့ထိစစ်ဆေးပြီးတော့မှ ရှန်ဖန်းဂူအား အဆောက်အဦးကြီးအတွင်းခေါ်လာခဲ့ကြတယ် …

ထင်မှတ်မထားစွာပင် အဆောက်အဦးရဲ့အောက်ခြေမှာ လှိုင်ဂူပမာ ကျယ်ပြောလွန်းတဲ့ လမ်းသွယ်နဲ့အတူ ရှန်အိမ်တော်မှာကဲ့သို့ တူညီတဲ့မြေအောက်ခန်းရှိနေတယ် … ဝင်္ဂပါလို လှိုင်ဂူကြီးက ပြန်ထွက်ဖို့လမ်းပင်မမှတ်မိနိုင်လောက်အောင် လမ်းချိုးတွေကတူညီနေပြီး အခန်းတွေအားလုံးကလဲ တူညီနေတယ် … သံလိုက်ရထားနဲ့သွားပြီးနောက် မဆုံးသေးပဲ အတော်ကြာလျှောက်လှမ်းပြီးတော့မှ ဖန်းဂူအား အခန်းတစ်ခုတွင်း ထာခဲ့ကာ ပါလာတဲ့အစောင့်တွေက ထွက်သွားကြတယ် …


" ရောက်လာပြီလား "

အသံသြောသြောက သူ့ရဲ့ဘေးပတ်ပတ်လည်က ထွက်ပေါ်နေပြီး ချန်းအိမ်တော်မှာ သူကြားခဲ့ရတဲ့အသံနဲ့အတူတူပင် …

" ခများဘယ်မှာလဲ … ခုထွက်လာခဲ့ "

" ငါထွက်လာဖို့ကစောသေးတယ် … မင်းအတွက်ပျော်ရွှင်စရာ Game လေးတစ်ခု စီစဉ်ပေးထားတယ် "

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now