အပိုင်း (4) Uni/Zawgyi

6.7K 338 20
                                    

ဘုရင့် သည်းဦးပန်
အပိုင်း(4)

"ဟင်...သည်းမေးနေတယ်လေ ရှင်ဘယ်လိုလုပ်ပြီးရောက်လာတာလဲလို့ "

ရှည်လွန်းလှသည့် သူ့အရပ်အမောင်းကြောင့် ခေါင်းလေးမော့ကာ တတီတီမေးသော သည်း ကြောင့်

"ငါ ရှင်းပြလို့လည်း မင်းနားလည်မယ့်အကြောင်းအရာတွေမဟုတ်လို့ မသိချင်ပါနဲ့"

"ဟွန့်....သည်း ခေါ်လို့ဆို သည်းကဘယ်လိုခေါ်လိုက်တာလဲ ဟင် ?"

လိုင်းယ(န်) မျက်ခုံးတစ်ချက်တွန့်ကာ ခေါင်းကုတ်ရင်း

"နောက်ထပ် ထပ်ခေါ်စရာမှမလိုတာ "

"ဟာ...Busကားလာနေပြီ ပြောပြပါမြန်မြန် !"

သည်းက ခုံတန်းရှည်ပေါ်က ခေါင်းအုံးလေးကိုပြန်ပိုက်ကာ အလျင်စလိုဟန်နှင့်

"ပြောလေ ဘယ်လိုခေါ်လိုက်တာလဲလို့"

ကားကိုတစ်လှည့် လိုင်းယ(န်)ကိုတစ်လှည့် ကြည့်ရင်း ပြာယာခက်နေသော သူမကို လိုင်းယ(န်)ပြန်မဖြေခဲ့ပါ ။

"ဟင် ဟေ့ ဟေ့လူ ပြောသွားလေ ဟာ..."

လှည့်ထွက်သွားသော လူကြီးကတော့ သည်းကို တစ်ချက်တောင်လှည့်မကြည့်။ သည်းလည်း ကားပေါ်တက်ခဲ့ပြီး ကားမှန်ကနေတစ်ဆင့်ပြန်လှည့်ကြည့်ပြန်တော့ သူ့အရိပ်အယောင်မျှမတွေ့။

"ဘယ်ကိုပျောက်သွားပြန်တာလဲ ခေါ်လည်းမခေါ်ပဲ ရောက်လာတယ် ပြီးရင် သူဘာသူပြန်ပျောက်သွားတယ် မှော်ဆရာများလား "

×××××××××××××

"ဟူး...ကျပ်ရောပြည့်ရဲ့လားမသိဘူး ဘယ်လို ကောင်မလေးနဲ့လာတွေ့နေပါလိမ့် "

ရိုင်ယန်လိုင်းယ(န်) ခြံဝင်းအတွင်းသို့ရောက်လာပြီးမှ

"ဟာ..."

တစ်ခုခုကိုသတိရသွားသလို လိုင်းယ(န်) ကိုယ့်နှဖူးကိုလက်ဖဝါးဖြင့်ပြန်ရိုက်မိရင်း

"Hand chain ! ကျစ်...ပြန်မတောင်းခဲ့ရဘူး သွားပြီ !"

"ဘာတွေတစ်ယောက်တည်းပြောနေတာလဲ ခုရက်ပိုင်း မင်း ရုတ်တရက် ပျောက်ပျောက်သွားတယ် "

ခရစ် သူ့နောက်ကနေရောက်လာပြီး ပုခုံးပေါ်သို့လက်လာတင်သည် ။

ဘုရင့် သည်းဦးပန် (Completed) OCWhere stories live. Discover now