P_5 (Uni)

5.2K 827 361
                                    

တော်တလင်းလဆန်း (၁၄/၁၅)ရက်က ကျွန်တော်တို့ရွာဘုရားပွဲဖြစ်ပြီး တော်သလင်းလပြည့်ကျော်(၉)ရက်နေ့ကတော့ မောင်ထူးရဲ့မွေးနေ့ဖြစ်တယ်။

ရွာဘုရားပွဲနဲ့ မောင်ထူးရဲ့မွေးနေ့က မတိမ်းတရိမ်းလေးဖြစ်တာမို့ နှစ်တိုင်းလိုလို မောင်ထူးမွေးနေ့မှာ အလှူအတန်းလုပ်ဖို့ကိုပဲ လုံးပန်းနေတော့ ရွာဘုရားပွဲကို မရောက်ဖြစ်တော့ဘူး။

ဒီနှစ်တော့ မမက တူလေးမွေးထားတာရယ်၊ ကျွန်တော်လည်း ရွာကိုမရောက်တာကြာတာရယ်ကြောင့် သွားဖို့ဆုံးဖြတ်ထားတယ်။ ကျွန်တော်သွားတော့ မောင်ထူးကလည်း လိုက်ပြီးသားပဲ။ အဲ့တော့ မောင်ထူးမွေးနေ့ကိုပါ ရွာမှာလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။

ဒီနှစ် မောင်ထူးမွေးနေ့မှာ ဘာလှူရင်ကောင်းမလဲ တွေးကြည့်လိုက်တော့ ကျွန်တော့်ခြံထဲက ဘဲဥတွေကိုပဲ မျက်လုံးထဲမှာ မြင်လာတယ်။ အဲ့ဒါနဲ့ ရွာကအိမ်တွေမှာ ဘဲဥတွေဝေဖို့ ဆုံးဖြတ်လိုက်တယ်။

ဘဲဥတွေ ရွာသယ်ဖို့က ကရိကထများပေမယ့် မမသားလေးအတွက်ဆိုပြီး မောင်ထူးဝယ်ဝယ်ထားတဲ့ ကစားစရာတွေက အလွန်ကိုများတာမို့ ကားငှါးပြီး အဲ့ကစားစရာတွေနဲ့အတူ ဘဲဥတွေပါတင်ဖို့ ဆုံးဖြတ်လိုက်တယ်။

ရွာမှာဆယ်ရက်၊ ဆယ့်ငါးရက်လောက် နေဖြစ်မှာမို့ အလုပ်တွေကို အပြတ်ဖြတ်ရတယ်။ အရေးကြီးတာတွေကို ဦးစားပေးလုပ်ပြီး ကျန်တာကိုတော့ မောင်ထူးအဖေနဲ့ လွှဲခဲ့ရတယ်။

အလုပ်လေးတွေက လက်စဖြတ်ရင်းနဲ့ကို မပြတ်နိုင်ဖြစ်နေခဲ့တာ။ နောက်ဆုံးတော့ တော်သလင်းလဆန်း(၁၄)ရက်နေ့အထိတောင် ရောက်လာခဲ့ပြီ။ တော်သလင်းလဆန်း(၁၄)ရက်နေ့က ရွာဘုရားပွဲစတဲ့နေ့မို့ လုပ်လက်စတွေကို မောင်ထူးအဖေနဲ့လွှဲထားခဲ့ပြီး ကျွန်တော်တို့က မဖြစ်မနေသွားရတော့တယ်။

သွားမယ်ဆိုတော့လည်း ဒီတိုင်းသွားလို့မရသေးဘူး။ ကစားစရာတွေနဲ့ ဘဲဥတွေတင်ဖို့အတွက် ကားကရှာနေရသေး...

ကားရလို့ ပစ္စည်းတွေဘာတွေတင်ပြီး သွားမယ်လုပ်တော့ မနက်ကိုးနာရီးထိုးနေခဲ့ပြီ။ ဒီပုံအတိုင်းဆို ကျွန်တော်တို့ ညဘက်မှပဲ ရွာကိုရောက်တော့မယ်ထင်...

မောင်ထူးယောက်ျား အတွေးသမား (Completed)Where stories live. Discover now