ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (3.2)

6.8K 1.1K 64
                                    

ကျိုးရိကျယ် ဘယ်လိုမှ မနေနိုင်တော့တာကြောင့် ရှဲ့ဟယ်ရဲ့ နဖူးကို ခပ်ဖွဖွလေး စမ်းကြည့်ပေးလိုက်တယ်။အထိအတွေ့တစ်ခုနဲ့တင် ရှဲ့ဟယ်ရဲ့ အသားတွေ ခြစ်ခြစ်တောက်ပူနေတယ်ဆိုတာကို ကျိုးရိကျယ် ရှာဖွေတွေ့ရှိသွားခဲ့လေပြီ။သူ့ရဲ့ မထုံတက်တေးမျက်ဝန်းတွေထဲမှာ စိုးရိမ်ပူပန်နေတဲ့ အရိပ်ငွေ့လေးတွေ ဖြတ်ပြေးသွားတယ်။ရှဲ့ဟယ်ကို သေချာပွေ့ဖက်ပြီး နဖူးကို သေချာထပ်စမ်းကြည့်လိုက်တယ်။ကျိုးရိကျယ်ရဲ့ အသံက မယုံနိုင်လောက်အောင် နူးညံ့ချိုသာနေပြန်တယ်။

"အဆင်ပြေရဲ့လား? ကိုယ် မင်းကို ဆေးရုံ ခေါ်သွားပေးရမလား??"

"ရတယ်..."

ရှဲ့ဟယ် ဒါမျိုးကို လိုချင်နေတာ ဟုတ်ဖူးလေ။

"ကျွန်တော် အဆင်ပြေပါတယ် "

"မင်းကို ကြည့်ရတာ အဆင်ပြေနေပုံမရဘူးနော်"

ကျိုးရိကျယ် သူ့ကို ကျောပွတ်ပေးပြီး သက်တောင့်သက်သာဖြစ်အောင် လုပ်ပေးနေတယ်။ကျိုးရိကျယ်ရဲ့ လက်မောင်းတွေထဲမှာရှိနေတဲ့ ကိုယ်လုံးလေးက အနည်းငယ် တုန်ရီနေတယ်။ဒါကိုမြင်နေရတာ သူ့ရဲ့နှလုံးသားတစ်ခုလုံး တုန်လှုပ်မောပန်းနေရတယ်။ရုတ်တရက်ကြီး ဒီကောင်လေးကို လွှတ်ပေးချင်စိတ်တွေ ကုန်ခမ်းသွားခဲ့ပြီ။

ရှဲ့ဟယ် သူ့ကို ခေါင်းမာပြီး အလျှော့မပေးလိုတဲ့ အကြည့်နဲ့ ကြည့်နေပေမယ့် ပြင်းထန်တဲ့ သွေးသားဆန္ဒ
လိုလားတောင့်တမှုကိုလဲ မလွှတ်စတမ်းလက်ကိုင်ပြုထားနေပြန်တယ်။

"ခင်ဗျား...သွားပါ...."

အကြည့်နဲ့ အပြောအဆိုတွေကသာ ငြင်းဆန်နေတာ ခန္ဓာကိုယ်ကတော့ ကျိုးရိကျယ်နဲ့ နီးသထက်နီးအောင် တိုးကပ်နေပြန်တယ်။သူ့ရဲ့ Shirt ကော်လံကို ဆုပ်ကိုင်ထားတဲ့ လက်ချောင်းတွေဆို လက်ဆစ်တွေဖြုဖွေးနေပြီ။

ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတစ်ခုချင်းစီတိုင်းက ကျွန်တော် ခင်ဗျားကို လိုချင်တယ်...ကျွန်တော် ခင်ဗျား ကိုလိုချင်တယ် ဒါပေမယ့် ကျွန်တော် မလုပ်နိုင်ဘူး
လို့ ပြောနေသယောင်.....

ကျိုးရိကျယ် ပိတ်လိုက် ဖွင့်လိုက်ဖြစ်နေတဲ့နှင်းဆီရောင်နှုတ်ခမ်းတစ်စုံဆီကနေ အကြည့်လွှဲလို့ မရနိုင်ခဲ့ဘူး။ဒီ နှုတ်ခမ်းတွေရဲ့ အရသာကို မြည်းစမ်းကြည့်ချင်လာတယ်။သေချာပေါက်ကို ချိုမြိန်နေမှာပဲ.....ကျိုးရိကျယ်ရဲ့ Adam’s apple က တစ်ခုခုကို မြိုချနေရတဲ့အတွက် နိမ့်လိုက်မြင့်လိုက် တက်လိုက် ကျလိုက်နဲ့ အလုပ်များနေတယ်။သူရဲ့နောက်ဆုံးသော သမာဓိပိုးကြိုးမျှင်လေးပြတ်တောက်သွားချိန်မှာ ကျိုးရိကျယ် ခေါင်းငုံ့ပြီး ထိုနှုတ်ခမ်းလေးကို နမ်းလိုက်ပါတော့တယ်....

ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြား​ယောင်းခြင်းနည်းဗျူဟာWhere stories live. Discover now