အပိုင်း ၂၂

13.7K 1K 64
                                    

Uni

"ဟီး...ဟီး..တည်စေရေ..ငါ့ကိုလာခေါ်ပါ..."

မန္တလေးမြို့ရဲ့ လမ်းတစ်နေရာမှာ အမျိူးသမီးတစ်ယောက်ဖိနပ်မပါပဲ နေပူထဲ လမ်းလျှောက်နေ၏..။

ထိုအမျိူးသမီးကတော့ Dr ဒေလီယာခမ်း..။

လွန်ခဲ့သောတစ်နှစ်ကျော်လောက်ကသူ့လုပ်ခဲ့သည့်အပြစ်တို့ကြောင့်ဒဏ်ခတ်ခံရသည်ဟုဆိုရမည်..။

လူပုံအလယ်အရှက်ကွဲပြီးကတည်းက ဆေးရုံဂျူတီဆင်းတိုင်း အပေါင်းအသင်းလုပ်ဖော်ကိုင်ဖက်တို့က လက်ညိုးထိုးကဲ့ရဲ့ကြသည်..။

ရှောင်ဖယ်လာကြပြီး သူမကို အခေါ်အပြောမလုပ်ကြ၊မဆက်ဆံကြတော့ချေ..။

ထိုသို့ဖြစ်နေတဲ့ကြားက ဖခင်ဖြစ်သူက ထိုင်းနယ်စပ် ရွှေတြိဂံဒေသမှာမူးယစ်ဆေးဝါးကုန်ကူးရင်း အချင်းချင်းပတ်ခတ်ကြရာ ပင်လယ်ထဲပြုတ်ကျပြီးအလောင်းတောင်ရှာမရ..။

သတို့သားလောင်းကလည်း တခြားမိန်းမပဲယူသွားသလိုလိုဆေးလွန်လို့သေပြီလိုလို ကြားလိုက်ရသည်..။

ဘယ်မှလည်းမထွက်..အစာကောင်းကောင်းမစားဘဲ အခန်းအောင်းအနေများပြီး စိတ်ကျရောဂါ ရသွားသည်..။

ဖခင်ဖြစ်သူသတင်းကြားရတော့ အခြေအနေကပိုဆိုးသွားပြီး တိုက်ပေါ်က ခုန်ချကာသတ်သေခဲ့သည်..။

သို့ပေမယ့်ခြံစောင့်ကမြင်လို့ ဆွဲဖမ်းလိုက်ရာက အောက်သို့မကျပဲ ဇောက်ထိုးအနေအထားနဲ့လေထဲတန်းလန်းဖြစ်ကာ အုတ်နံရံနဲ့ခေါင်းရိုက်မိပြီး ယခုလိုအသိလွတ်သွားတော့သည်...။

ယခုတော့ထိုခြံစောင့်လင်မယားက သမီးလေးအရင်းလိုပြုစုစောင့်ရှောက်ပေးနေ၏..။

သူတို့ခက်ခဲတဲ့အချိန်တုန်းက ခမ်းဒယ်ဒီက အပြည့်အဝထောက်ပံ့ပေးခဲ့သည်မဟုတ်လား..။

တစ်ခါတစ်ရံယခုလို​အိမ်ကထွက်လာပြီးလမ်းလျှောက်ကာတည်စေအိမ်ရှေ့ဖြစ်စေ ကဲကဲတို့အိမ်ရှေ့ဖြစ်စေရောက်နေတက်သည်..။

တည်စေ ထိုအရာကိုတွေ့တိုင်း သူကိုယ်တိုင်လိုက်မပို့ဖြစ်ပေမယ့် Driverကိုတော့ တွေ့တဲ့အချိန်..တွေ့တဲ့နေရာကနေလိုက်ပို့ပေးဖို့အမိန့်ပေးထားသည်..။

ငယ်ချစ်တည်စေM-preg(Completed)Where stories live. Discover now