Part-82(အလွှားပါး၏နောက်ကွယ်မှ..)

15K 1.8K 87
                                    

(Zawgyi)🍀🍀🍀🍀🍀

(အလႊာပါး၏ေနာက္ကြယ္မွ..)

Part-82
(ကိုယ်..ချစ်သော clover..!!..)

ခရီးမှပြန်ရောက်ပြီး နောက်ပိုင်းတွင် ရွက်စိမ်းတို့
အိမ်တွင် ပုံမှန်အတိုင်းပင် လည်ပတ်နေတော့၏။
မနက်ခင်းအလင်းရောင်လာချိန်တွင် သားအဖသုံး
ယောက်သည် အတူတူအပြေးလေ့ကျင့်ခန်းလုပ်ကြ
သည်။ ပြီးသည်နှင့် ကိုယ်လက်သန့်စင်ကာ ဦးကောင်း
ပြင်ပေးသော မနက်စာကိုတူတူစားကြသည်။

သစ်မိုးအိမ်က နွားနို့ထည့်ပေးချိန်တွင် Daddy
ထက်နောင်က အသီးစိတ်လေးများကိုပန်းကန်ထဲ
ထည့်​ပေးသည်။ ပြီးမှသာ ထိုနှစ်ဦးသည်သူတို့၏
မနက်စာကို ဆက်စားကြသည်။

ပြီးသည်နှင့် Daddy ထက်နောင်က ကုမ္ပဏီကို
အရင်သွားနှင့်ပြီး သစ်မိုးအိမ်ကတော့ ရွက်စိမ်းကို
သင်တန်းလိုက်ပို့ပြီးမှ ကုမ္ပဏီသို့သွားသည်။ ဒါက
သူတို့သားအဖသုံးယောက်၏ နေ့စဉ်ဘဝဖြစ်သည်။

ဒီနေ့လည်း အရင်နေ့များလိုပင် သစ်မိုးအိမ်က
ကောင်လေးရွက်စိမ်းကို သင်တန်းလိုက်ပို့ပြီးမှ
ကုမ္ပဏီသို့ထွက်လာလိုက်၏။ ချစ်သောကောင်လေး
ကို ကလူကျီဆယ်လုပ်ခဲ့သောကြောင့် သစ်မိုးအိမ်၏
စိတ်အခြေအနေမှာ ပန်းများဖြင့်ဝေဆာဖူးပွင့်နေ
သော ဥယျာဉ်ခြံကြီးလိုဖြစ်နေပြီး မျက်နှာအမူအရာ
ကပါ ပြုံးနေတော့၏။

သစ်မိုးအိမ် ကားကိုကုမ္ပဏီ ကားပါကင်တွင်ရပ်
လိုက်ပြီး လက်တစ်ဖက်က ဖိုင်များထည့်ထားသော
အနက်ရောင်လက်ဆွဲအိတ်ကို ကိုင်ကာ ကားပေါ်မှ
ဆင်းလာလိုက်သည်။

သူက ခန္ဓာကိုယ်နှင့်လိုက်ဖက်သော အနောက်တိုင်း
Suit တစ်ထည်ကိုဝတ်ထားပြီး သူ့ဝတ်စုံနှင့်လိုက်
ထက်သော နက်(ခ်)တိုင်ကို စည်းထား၏။ ချစ်သော
ကောင်လေး ရွေးချယ်ကာပေးလိုက်သည့် နက်(ခ်)တိုင်
ကို မစောင်းသော်လည်းအနည်းငယ် တည့်မတ်ဟန်
ပြုလိုက်ပြီးမှ ကားပေါ်မှဆင်းလိုက်သည်။

အနက်ရောင်နေသောရှူးဖိနပ်တစ်စုံသည် ကြမ်း
ခင်းကြမ်းရှရှနှင့် ပနံသင့်နေတော့သည်။

"ကိုသစ်"

ခေါ်သံကချိုမြမြနိုင်သော်လည်းသစ်မိုးအိမ်၏
နှုတ်ခမ်းတစ်စုံကတော့ မျဉ်းဖြောင့်အတိုင်းဖြစ်
သွားရသည်။ ​ယောက်ျားကောင်းတစ်ယောက်ဖြစ်ဖို့
အမျိုးသမီးတစ်ယောက်ကို ​လေးစားတတ်ရမည်ဟု
သစ်မိုးအိမ်မေမေက ​ပြောဖူးသည်။ ထို့ကြောင့်
သစ်မိုးအိမ်က အမျိုးသမီးများကိုလေးစားသမှု
ထားသည်။

Clover your'e my clover[Completed]Where stories live. Discover now