Chapter (41)

25.7K 3.6K 160
                                    

လော်ရှို့ မုန့်ရန်ရဲ့လက်ကို ကိုင်ပြီး ဖြည်ဖြည်းချင်းလမ်းလျှောက်နေတယ်။

"သူငယ်ချင်းရဲ့အခြေနေဘယ်လိုနေလဲ?? ဘာလို့ဒီနေရာမှာ ကုသမှုခံယူနေတာလဲဟင်??"

"သူ့မှာ အရမ်းပြင်းထန်တဲ့ အိပ်မရတဲ့ရောဂါဖြစ်နေတယ်။ဒီကောင်က ဆေးလဲမသောက်ချင်ဘူး။အစားအသောက်လဲ မဆင်ခြင်ဘူး။ပြီးတော့ personalityကလဲ ဒေါသထွက်လွယ်လာတယ်။သူ့ကိုယ်သူ နိုးနေတာလား၊အိပ်ပျော်နေတာလားဆိုတာတောင် မသဲကွဲတော့ဘူး။သူ့မှာ အိပ်မပျော်တဲ့ရောဂါရှိမှန်း ကိုယ်တို့တွေ သိထားပြီးသား၊ဒါပေမယ့် Accident တစ်ခုဖြစ်သွားတော့မှာ ရောဂါဒီလောက်ပြင်းနေမှန်းသိရတာ..."

"အန်ကယ်လော်တို့လို Company ကြီးတွေကိို စီမံနေရတဲ့ သူတိုင်းမှာ သာမာန်လူတွေ စိတ်မကူးရဲလောက်တဲ့ Pressure တွေရှိနေကြတာပဲလေ။ခင်ဗျားတောင် အချိန်အကြာကြီး မနားမနေ အလုပ်လုပ်ခဲ့လို့ ခေါင်းကိုက်ရောဂါဖြစ်နေတာမလား?? Company ပိုင်ရှင် ဆယ်ယောက်မှာ ရှစ်ယောက်လောက်က အိပ်မပျော်တဲ့ရောဂါခံစားနေရတယ်ဆိုတာ ရနံ့ကုထုံးပညာရှင်တိုင်းသိကြတယ်။ငွေရှာဖို့အတွက် ခန္ဓာကိုယ်ကို အနားမပေးဘဲ အသားကုန်ခိုင်းကြတယ်။ရောဂါဖြစ်လာတော့မှ ငွေကုန်ကြေးကျခံပြီး ဆေးပြန်ကုနေကြတဲ့သူတွေအများကြီးပဲ...အဲ့တော့ အခုရော သူငယ်ချင်းရဲ့
ကုထုံးကဘယ်လိုသက်ရောက်မှုတွေပြနေပြီလဲ?"

"ရနံ့ကုထုံးပညာရှင်တွေကတော့ သူ့ရောဂါကိုလေ့လာပြီး ဆေးအဆီနဲ့နှိပ်တာတွေ၊အပ်စိုက်တာတွေ၊ဆေးရည်စိမ်တာတွေ၊နံ့သာနဲ့ မှိုင်းတိုက်တာတွေအကုန်စုံအောင်လုပ်ပေးနေကြတာပဲ...ဒါပေမယ့် အာနိသင်ပြတာ နှေးတယ်။ပြီးတော့ ဒီကောင်က နဂိုကတည်းကမှ စိတ်ရှည်တဲ့ကောင်မဟုတ်တော့ သူ့ Company ကိုလဲ လက်မလွှတ်ထားနိူင်ပြန်ဘူး"

"တဖြည်းဖြည်းနဲ့ အမြစ်တွယ်တာတဲ့ရောဂါဆိုတော့ အချိန်ယူပြီး ကုသရမှာ သဘာဝပဲလေ။စ စ ဖြစ်ချင်းကတည်းကသာ ကုသခဲ့ရင် ဒီလောက်ထိ အချိန်ယူစရာမလိုဘူး"

"သူပြောတာက ညဘက်ဆို သိပ်အိပ်မပျော်ဘူး။ခဏလောက် အိပ်ပျော်ပြီးတာနဲ့ နိုးလာပြန်ရောတဲ့။ဒါကြီးက သူ့ကို အတော်နှိပ်စက်နေတာတဲ့။မင်း ကိုယ့်အတွက် လုပ်ပေးတဲ့ အိပ်ပျော်စေတဲ့ နံ့သာကို ကိုယ်သတိရမိလိုက်တယ်။အဲ့နံ့သာထွန်းပေးထားရင် မိုးလင်းတဲ့အထိ ကိုယ် အိပ်ပျော် နိုင်တယ်။သူကို ပေးသုံးလို့ရမလား??"

သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်Where stories live. Discover now