၁၁

4.7K 903 143
                                    

အပိုင်း ၁၁ ကြက်တောင်ပံ အာလူးနှပ်

ညနေတွင် စားစရာများစွာ ပြင်ဆင်ပါ့မည်ဟု ယွမ့်ထန်းက ကြည့်ရှုသူတွေကို ကတိပေးထားသည်။ ထို့ကြောင့် သူ ကြိုတင် ပြင်ဆင်ရတော့ပေမည်။

သူ ရှော့ပင်းဆိုက်ကို တခဏလောက် မွှေနောက်နေပြီးနောက် လွယ်ကူ ရိုးရှင်းသည့် ကြက်တောင်ပံ နှပ်သာ လုပ်ရန် တွေးလိုက်သည်။ ပြောရလျှင် သူ ကိုလာ ကြက်ကင်လေး လုပ်ချင်ပါသော်လည်း ကိုလာက မရှိသဖြင့် အခြား အကောင်းဆုံးကိုသာ ရွေးရတော့သည်။

ကြက်တောင်ပံက ဈေးမပေါပေ။ တစ်ခုကို ၂၀ကျသည်။ မည်သို့ပင်ဆိုစေ တစ်ကောင်မှ တောင်ပံက နှစ်ခုသာ ပါသည်လေ။

အနာဂတ်ကာလမှ လူတွေက သာမန် ဟော်မုန်းနည်းတွေဖြင့် တိရိစ္ဆာန်တွေကို မမွေးကြပေ။ သူ၏ အာဏာရှင်ကို ကျေးဇူးတင်ရမည်။ သူ့တွင် ထိုသူကျေးဇူးကြောင့် ပိုက်ဆံပြတ်လပ်မနေတော့ပေ။သူက တောင်ပံ အခုငါးဆယ်လောက်ကို ဝယ်လိုက်သည်။ ထို့နောက် ဟင်းခတ်အမွှေးအကြိုင် အချို့နှင့် ပိုကြီးသော အိုးတစ်လုံးကို ဝယ်လိုက်သည်။

ယခင်တစ်ကြိမ်က ကျန်နေသည့် အာလူးတွေ ရှိသေးသည်။သူသာ အားလုံးထည့်ပြီး နှပ်လိုက်လျှင် အိုးကြီးတစ်အိုးစာ ရလောက်၏။ထို့အတွက် လူဆယ်ယောက်ကျော်စာ လောက်ပေသည်။

သူ့အနေဖြင့် အစာကျေလွယ်တာမျိုးကိုသာ စားလို့ရသေးသဖြင့် သူက ပုဇွန် နည်းနည်း ဝယ်လိုက်ကာ ပုဇွန် ယာဂု လုပ်ရန် တွေးလိုက်သည်။

ထိုအဆဲစကားတွေ ပြောသည့်သူတွေ ပြန်လာမည်ကို သူ မစိုးရိမ်ပေ။သူသည်လည်း စတားနက်ဝေါ့မှ နိုတီ ရထားပေသည်။ အကယ်ဒမီက သူ တိုက်ရိုက် ထုတ်လွှင့်ရင်း ပြောထားသမျှက မှန်ကန်ကြောင်း အတည်ပြုပေးထားသည်။ဒါက သူ့ကို နောက်ခံကောင်းရစေသည်။ထို ဖျက်လိုဖျက်ဆီး လုပ်သူတွေသာ ပြန်လာလျှင် သူ့ကို မေးခွန်း ထုတ်ရဲတော့မည် မထင်ပေ။ ထို့အပြင် ကြည့်ရှုသူတွေလည်း များလာမည်ဟု ယုံကြည်သည်။

ထို့အပြင် သူ့တွင် အားကိုးရသော အခန်း မန်နေဂျာလည်း ရှိသေးသည်လေ။

ဒီလိုဆိုမှ သူ ဒီနေ့ ရှိမှာလား

သူက အာလူးတွေကို အကုန်သုံးမည် ဖြစ်သဖြင့် ရှောင်ပိုင်ကို အခွံတွေ ခွာခိုင်းထားလိုက်သည်။ ထို့နောက် ရေထဲ စိမ်ခိုင်းထားလိုက်၏။

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ်ပြုတ်မယ် အစီအစဥ်Where stories live. Discover now