မနက်ခင်းတစ်ခုကို အစပြုဖို့ မျက်လုံးမဖွင့်ခင်မှာ ရလိုက်ရတဲ့ မီးဖိုချောင်ထဲက မွှေးပျံ့နေတဲ့ အနံ့ ။ ထင်တဲ့အတိုင်းပါပဲ မျက်လုံးဖွင့်ကြည့်လိုက်တော့ ဘေးနားမှာ ကိုကိုးက ရှိမနေ ။ ကျွန်တော်တို့တွေအချိန်ကာလတွေကုန်လွန်လာတာနဲ့အမျှ ရင့်ကျက်လာတယ်လို့ပြောရမလားပဲ ။ တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြပေမယ့် မျက်လုံးတွေနဲ့ပဲဖော်ပြတတ်ကြတော့တယ် ။
အိပ်ရာကနေ ထ ပြီး စောင်ကိုခေါက် ၊ အခင်းကို ဖြန့် ၊ ခေါင်းအုံးကိုနေရာတကျထားပြီး မျက်နှာသစ်ဖို့ရေချိုးခန်းထဲဝင်လာလိုက်တယ် ။ ကိုကိုးအခန်းကိုလာတိုင်း ကျွန်တော့်အတွက်ထားပေးထားတဲ့ သွားပွတ်တံလေးကိုယူပြီး မနက်ခင်းတစ်ခုအစပြုလိုက်တယ် ။
ကျွန်တော်အခန်းထဲကထွက်လာတော့ မီးဖိုခန်းထဲမှာ ကိုကိုး က မနက်စာပြင်နေသည်လေ ။
" မောနင်း "
ကိုကိုးက လက်ထဲမှာ ဇွန်းအကြီးတစ်ခုကိုကိုင်ထားရင်း ကျွန်တော့်ကိုလှည့်ကြည့်ပြီး ပြုံးပြကာ
" မောနင်း ထိုင်ဦး ကိုယ် ထမင်းကြော်နေတာ မပြီးသေးဘူး "
" ရပါတယ် အေးဆေးပေါ့ "
ကျွန်တော်ထမင်းစားပွဲမှာဝင်ထိုင်ပြီး ခုံပေါ်က သတင်းစာကိုယူကာ ဖတ်နေလိုက်တယ် ။ ခဏကြာတော့ အငွေ့တထောင်းထောင်းနဲ့ ထမင်းကြော်တစ်ပွဲက ရှေ့ကိုရောက်လာတယ် ။ ဘေးနားမှာ ကော်ဖီခွက်က မပါမဖြစ်ပေါ့ ။
" ရွာကို ဘယ်နေ့သွားမှာလဲ "
" ဒီည ထွက်မယ်လေ အဲ့တာဆို မနက်အစောပိုင်းလောက်ရောက်မှာ "
ထမင်းကြော်တစ်ဇွန်းခပ်ကာ အေးအောင်မှုတ်ပြီး စားနေတဲ့ မောင့်ကို မဟာ ကြည့်နေမိတယ် ။ မောင် က အစစအရာရာပြောင်းလဲသွားတာ အဲ့နေ့ကတည်းကပေါ့ ။
အတိတ်နေ့ရက်
" မောင် !!!!! "
" ကိုအာကာက ဒီကို ဘယ်လိုရောက်နေတာလဲ "
" ကိုယ် ဒီတိုင်း ပဲ သတိ သတိရလို့ "
လေအဝေ့မှာ ကျွန်တော်ဝတ်ထားတဲ့အပေါ်ထပ်အနားစ နဲ့ မောင့်ရဲ့ကုတ်အကျီတို့က လွင့်လျက် ။ မောင် က လေနှင်ရာယိမ်းနေတဲ့ ဆံပင်တွေကို လက်နဲ့သပ်တင်လိုက်ပြီး