3.3

695 70 2
                                    

Unicode

Lina သူမ ပထမဆုံး အမူအခင်းနေရာကိုသွားရမှာမို့စိတ်လှုပ်ရှားနေမိသည်
မူလ lina က ကျွမ်းကျင်တဲ့မူခင်းဆရာဝန်တစ်ယောက်ပေမယ့် အဲ့ဒါက သူမ မဟုတ်ဘူးလေ
သူမ space ထဲမှာ လက်တွေ့သင်ကြားခဲ့တယ်ဆိုပေမယ့် သွေးသံရဲရဲနဲ့သေဆုံးထားတဲ့လူတစ်ယောက်ကိုတော့ မခွဲစိတ်ဖူးဘူးလေ
ကြည့်လုပ်ရမှာပေါ့

အမူဖြစ်ပွားတဲ့နေရာက Aနိုင်ငံရဲ့ သာမန်ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာဖြစ်သည်
သူမ အဖွဲ့သားတွေနဲ့အတူ အခင်းဖြစ်ရာကိုရောက်တော့
သူမနဲ့ liz တို့က သက်သေယူဖို့ လက်အိတ်
နဲ့လိုအပ်တဲ့ပစ္စည်းတွေကိုယူကာ
ဝင်သွားလိုက်သည်

သေဆုံးသူက ယောကျာ်း တစ်ယောက်ဖြစ်ပီး
လွန်ခဲ့တဲ့ နှစ်နှစ်က လူသတ်မူတစ်ခုကြောင့် စွပ်စွဲခံခဲ့ရပေမယ့် သက်သေမခိုင်လုံတာကြောင့် အပြစ်ဒဏ်မခံခဲ့ရတဲ့သူပင်

သူမ ထင်တာတော့ အဲ့ဒီ့လူသေရတာက
သူအရင်(လူသတ်မူမှာ)လုပ်ခဲ့တဲ့ အတိုင်း
လူသတ်သမားက လုပ်ခဲ့တာဖြစ်သည်
မာကြောတဲ့အရာဝတ္ထုတစ်ခုခုနဲ့ ဦးခေါင်းကို
ရိုက်နှက်ခဲ့တာဖြစ်ပီး
ဝမ်းဗိုက်ပိုင်းကိုတော့ သွေးထွက်လွန်ပီး သေဆုံးခါနီးမှ အချက်ပေါင်းများစွာထိုးသွင်းထားတာဖြစ်သည်
အဲ့လိုလုပ်ခြင်းဖြင့် သေဆုံးသူရဲ့ခန္ဓာကိုယ်ကသွေးတွေက အပြင်ကိုသိပ်မစင်တော့

လူသတ်သမားက ညာဏ်ပြေးတဲ့ထဲမှာပါသည် အရင်လူသတ်မူတွေအကြောင်း
မှတ်ညာဏ်ထဲမှာပြန်ရှာကြည့်ရင်
တော်တော်များများက သက်​သေတွေ
အစရှာမရအောင်ပျောက်နေသည်
သေဆုံးသူရဲ့အရေပြားပေါ်၊ ဘေးက နံရံ၊
အခင်းဖြစ်ပွားတဲ့နေရာပတ်ပတ်လည် က
သက်သေတွေအားလုံး ပျောက်ဆုံးနေသည်
သေဆုံးသူနဲ့လူသတ်သမားက ပတ်သက်ဆက်နွယ်နေသလား ရှာကြည့်မယ်ဆိုတော့လည်း သေဆုံးသူက တရားခံအဖြစ်စွပ်စွဲခံရသူဆိုတော့ ပတ်ဝန်းကျင်က လူ့အမှိုက်တစ်ယောက်လို ပစ်ထားသည်မို့ ရှာမရ

ဒါဆို Lina ရဲ့အကိုက ဘာကြောင့် အစွပ်စွဲခံခဲ့ရတာလည်း
သူက ဒီအတိုင်း အခင်းဖြစ်တဲ့နေရာမှာရှိနေခဲ့တာဖြစ်သည်
ဒါပေမယ့်မတိုက်ဆိုင်လွန်းဘူးလား
အခင်းဖြစ်ပွားတဲ့နေရာကိုမှ ရောက်လာရတယ်လို့ 🤔

villain systemWhere stories live. Discover now