အပိုင်း (8) Uni/Zawgyi

5.9K 302 17
                                    

ဘုရင့် သည်းဦးပန်
အပိုင်း(8)

သည်း ကိုကို့စကားအချို့ကို နားမလည်နိုင်ပါ
ရင့်သီးသွားတဲ့အချို့စကားတွေအတွက်လည်း ကိုကိုနောင်တရပုံမပေါ်။ နီးကပ်နေတဲ့ ကိုကို့မျက်နှာက ခပ်ထန်ရုံသာမက ပြာလဲ့လဲ့မျက်လုံးတွေကအကြည့်စူးစူးတွေလည်း သည်းရင်ထဲကို မျှားတစ်စင်းလို ထိုးဖောက်ဝင်ရောက်နိုင်သည်။

ကြောက်အားလန့်အား ဘာကိုမှမသိတဲ့ သည်းမျက်နှာလေးနဲ့ မျက်ရည်အချို့ဝေ့သီနေတဲ့မျက်လုံးတွေနှင့်အတူ....

"ကိုကို ဘာတွေပြောနေတာလဲ...သည်းက သည်းက ကိုကို့ကိုသဘောကျတာမှန်ပေမဲ့ အခုလိုလုပ်ရပ်မျိုးက အရမ်းလွန်တယ် ကိုကို့အိမ်မှာနေနေလို့ တန်ရာတန်ကြေးအနေနဲ့ဆိုရင်လည်း သည်း တကယ်ပြန်ဆပ်မှာပါ"

သည်းရဲ့ ထိန်းမရနိုင်တဲ့မျက်ရည်တို့က ပါးမှာနေရာယူနေပြီး လိုင်းယ(န်)ကိုလည်း မော့မကြည့်နိုင်တော့ပါ။ လိုင်းယ(န်)ဟာ မှန်တင်ခုံမှာထောက်ထားသောလက်တို့ကိုရုတ်သိမ်းကာ နောက်ဆုတ်သွားရင်း

"ကိုယ်ပြောပြီးပြီလေ မင်းက ကိုယ့်အပိုင် အဲ့တာကြောင့် ကိုယ်ဘာလုပ်လုပ် မင်းဘက်ကကြည်ဖြူရမှာပဲ မင်းပဲ ကိုယ့်မိဖုရားသိပ်ဖြစ်ချင်တယ်မလား ကိုယ့်မိဖုရားဖြစ်ရင် မင်းပေးဆပ်ရမှာတွေသိပ်များတယ် သည်းဦးပန်!"

သည်းက မှန်တင်ခုံပေါ်ကနေဆင်းပြီး မကြာခင်က ပြုတ်ကျသွားသော မိတ်ကပ်ပစ္စည်းတွေကို အောက်ကနေပြန်ကောက်တင်နေသည်။

"ဒါပေမဲ့ ရှောင်လွှဲလို့မရနိုင်တာက မင်းက ကိုယ့်မိဖုရားဖြစ်နေတာပဲ!"

လိုင်းယ(န်) သူ့ကိုကျောပေးထားသော သည်းဆီသို့ ခြေတစ်လှမ်းတိုးကပ်သွားရင်း အပေါ်မြောက်နေသောဆံပင်တွေကိုစည်းနှောင်ထားသည့်ခေါင်းစည်းကွင်း အဖြူလေးကို ဆွဲဖြုတ်လိုက်သည်။ ပျော့ပျောင်းသည့်ဆံပင်ရှည်ရှည်တွေက နွဲ့နှောင်းဝေ့ယမ်းလျက် ဆင်းကျလာသည့်တိုင် သည်း ကိုကို့ ကိုလှည့်မကြည့်ခဲ့။

"အောက်ဆင်းခဲ့ မနက်ကလည်း စားမသွားဘူး ထမင်းလာစား !"

စကားနောက်မှာ ကိုကို့ခြေသံတွေ သည်းအခန်းထဲကပျောက်ကွယ်သွား၏။

ဘုရင့် သည်းဦးပန် (Completed) OCWhere stories live. Discover now