အပိုင်း ၂၅(Final)

18.5K 1K 31
                                    

Uni

ဆေးရုံရောက်တော့ သားကိုChack Upလုပ်ပြီး မမကလာခေါ်သွားတာမို့ သားတို့နဲ့ သူ့ဒယ်ဒီ လိုက်သွားသည်..။

ဆေးဖိုးရှင်းရအုံးမှာမို့ ကဲနေခဲ့လိုက်ပြီး ကျသင့်ငွေရှင်းပြီးသည်နှင့် ဧည့်တွေ့ခုံမှာဝင်ထိုင်စောင့်နေလိုက်၏..။

စျေးဝယ်APKထဲဝင်မွှေနေရင်းလိုချင်တာရှိရင်ဝယ်လိုက်..ထပ်မွှေလိုက်နဲ့ ကဲ မအားနိုင်..။

သားတို့အတွက်ရော မိမိအတွက်ရော...တစ်ခုတစ်လေတော့ လင်ဖြစ်သူအတွက်ပါ ဝယ်ပေးလိုက်သည်..။

သူရှာထားတဲ့ငွေဖြုန်းပြီး သူ့အတွက်မပါရင်မကောင်းလို့ပါ..အဟင်း..။

ထိုစဥ်ဘေးခုံကိုလူတစ်ယောက်ဝင်ထိုင်လိုက်တာကို မျက်လုံးထောင့်က မြင်လိုက်သည်..။သို့ပေမယ့်ဖုန်းကလိမပျက် စျေးဝယ်မပျက်အောင်အာရုံစိုက်နေတုန်း အနားတဖြည်းဖြည်းထပ်ကပ်လာတာရိပ်ကနဲမြင်လိုက်ရသည့်အပြင် တစ်ယောက်ယောက်စိုက်ကြည့်နေသလိုခံစားနေရသည်မို့ မော့ကြည့်လိုက်တော့ အဖြူအစိမ်းဝတ်စုံနဲ့ကောင်လေးတစ်ယောက်က ကဲကို ပြုံးကြည့်နေတာတွေ့လိုက်ရသည်..။

ပါးမှာလည်း ညိုပုပ်နေပြီး နှူတ်ခမ်းထူထူတို့မှာ သွေးစတို့ကဟိုတစ်စဒီတစ်စ..။

ရန်ဖြစ်လာသည်ထင်ရဲ့...။ကဲ မော့ကြည့်လာတာမြင်တော့ လှစ်ကနဲပြုံးရင်းလက်ကလေးယမ်းပြလာ၏။

"Hi ကိုကို..."

လူကိုစိုက်ကြည့်ကာ နှူတ်ဆက်လာသူကြောင့်မျက်မှောင်တစ်ချက်ကြုပ်လိုက်၏။

"ဘာကြည့်နေတာလဲ...မင်းအကြည့်တွေသိမ်းစမ်း.."

"ကိုကိုက ချောလိုက်တာ...ဟင်နရီချစ်နေပြီရော.."

အပြုံးအပျက် ငမ်းတက်ဆိုသလို အကြည့်စူးစူးတွေနဲ့ကြည့်ကာ ချစ်စကားဆိုလာသည်..။

လူကြည့်တော့ဖြူဖြူသေးသေးလေးနဲ့ ကဲတစ်ခါကိုင်ပေါက်ရှိတာကို..။

"မင်းဘယ်သူလဲ..ရိုင်းလှချည်လား.."

"မောင့်နာမည်က ဟင်နရီထင်းသာ...၁၀တန်းကျောင်းသား..ကိုကို့ကို မြင်မြင်ချင်း ​​ ချစ်မိလို့...ပြန်ချစ်ပါလား.."

ငယ်ချစ်တည်စေM-preg(Completed)Where stories live. Discover now